Pages

Pages - Menu

Friday, June 14, 2013

စင်ကာပူမှ မြန်မာအမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ

Friday, June 14 , 2013

ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင်အမျိုးသမီး

ငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက်ကလည်းစင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာသည့်ချင်းတိုင်း
ရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်လည်ရောက်ရှိ လာသဖြင့်
လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေရကြောင်း လေကြောင်းလိုင်း အချို့
ထံမှ စုံစမ်းသိရှိရသည်။
လေကြောင်း အသိုင်းအ၀ိုင်းမှ ဖြစ်စဉ်များကို သိရှိသူ တစ်ဦးက ''စင်ကာပူကနေ ပြန်လာတဲ့ အမျိုးသမီးငယ်
တွေချည်းပဲ ဖြစ်နေတာ တွေ့ရတယ်။ ပထမတစ်ယောက်ဆိုရင်အသက် ၂၄ နှစ်အရွယ် ကချင်မလေး။ လေ
ဆိပ်ရောက်တော့ကိုယ့်ပစ္စည်းတွေလည်းကိုယ်သယ်ဖို့ သတိမရဘူး။အငှားကားပေါ် တက်ထိုင်နေပြီး ငိုလိုက်
ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဖြစ်နေတယ်။ ဘာမှ မေးလို့မရဘူး။ 

ဘာကိုမှလည်း သတိမရဘူး။ ဒုတိယ တစ်ယောက်လည်း အဲဒီလိုပဲ ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဘာမှ သတိမရဘူး။ တာဝန်ရှိသူတွေက အိတ်တွေဖွင့်ပြီး ဆက်သွယ်လို့ရမယ့် ဖုန်းတွေလိုက်ရှာပြီး လုပ်ပေးလိုက်တယ်။ ပထမ တစ်ယောက်ဆိုရင် မြစ်ကြီးနားက ကောင်မလေးပါ။ ဆွေမျိုးရင်းချာအထိ ဆက်သွယ်လို့ မရတဲ့အတွက် ကမ္ဘာအေး အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က လာခေါ်ပေးသွားတယ်လို့ ကြားရတယ်။ 

ဒုတိယတစ်ယောက် ကတော့ ဦးလေးတော်တဲ့သူနဲ့ အဆက်အသွယ်ရတော့ လာခေါ်သွားတယ်လို့ ကြားရ
တယ်။ အဲဒီမှာ တူတဲ့အချက်တွေက ငိုလိုက်ရပ်လိုက်ဖြစ်တာ၊ မှတ်ဥာဏ်ပျောက်နေတာ၊ အမျိုးသမီးငယ်တွေ
 ဖြစ်နေသလို လေယာဉ်ပေါ်မှာလည်း တစ်ယောက်တည်းစီပဲ ပါလာတာတွေက တူနေတယ်။ 

အစကတည်းက စိတ်မမှန်ဘူးဆိုရင် လေယာဉ်စီးဖို့ မဖြစ်နိုင်သလို တစ်ယောက်ယောက် အစောင့်ပါလာမှာ
ပဲ။ တစ်ယောက်လောက် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းကြောင်းကြောင့်လို့ ပြောလို့ရပေမယ့် ပုံစံတူ နှစ်
ယောက် ဖြစ်လာတဲ့ အတွက်တော့ သေချာစိစစ် သင့်တယ်လို့ ထင်တယ်။ 

ဥပမာ- ဆေးဝါးတစ်ခုခုကြောင့်အသိဥာဏ် ပျောက်သလားဆိုတာမျိုးပေါ့။ သွေးရိုးသားရိုး ဖြစ်တာက ပြဿ
နာ မဟုတ်ပေမယ့် တစ်ခုခုကြောင့်ဆိုရင် ရှောင်တိမ်းနိုင်အောင် စစ်သင့်တယ် ထင်တယ်။ နှစ်ယောက်စလုံး အနေအထားက အောက်ခြေ အလုပ်လုပ်တဲ့ ပုံစံမျိုးလေးတွေပါ'' ဟု ပြောပြခဲ့သည်။

EMG , RangonNewsDaily
kolatt(PBDN): 14.6.2013

No comments:

Post a Comment