Pages

Pages - Menu

Tuesday, June 25, 2013

‘သ’ အပ်နှံခွင့်ပြု၍ ‘အ’ အက္ခရာ ကားဟောင်းများ ဈေးတက်

Tuesday, June 25, 2013

‘သ’ အက္ခရာ မော်တော်ယာဉ်ဟောင်း များကို ဇွန်လ ၂၅ ရက် ယနေ့တွင် စတင် အပ်နှံခွင့်ပြုမည် ဖြစ်သော

ကြောင့်‘အ’ အက္ခရာ မော်တော်ယာဉ်ဟောင်းတစ်စီးလျှင် ကျပ်သုံးသိန်းခန့် ဈေးမြင့်တက် လာကြောင်း မော်
တော်ယာဉ် ဝယ်ရောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
‘အ’ ယာဉ်ဟောင်းများမှာ ‘သ’ ယာဉ်ဟောင်းများ အပ်နှံပြီးပါက အပ်နှံခွင့်ရမည် ဖြစ်၍ ယခုကဲ့သို့  ဈေးမြင့်
လာခြင်း ဖြစ်ပြီး အပ်နှံခွင့်ပြုသည့် အက္ခရာ တစ်ခုပြောင်းသည့် အချိန်တိုင်း နောက်လာမည့် အက္ခရာ ကား
ဟောင်းများ ဈေးမြင့်တက်လေ့ ရှိကြောင်း သီရိမင်္ဂလာဈေးဟောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်ကကျပ်သိန်း ၈၀ ဝန်းကျင်သာ ရှိသည့် ‘အ’ အက္ခရာ မော်တော်ယာဉ်
ဟောင်း

များမှာ ကျပ် ၈၃ သိန်း ဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်း ၎င်းကပြောကြားသည်။

“ဝယ်သူတွေက ရှိပေမယ့် ‘သ’ ကသိပ်မရှိတော့ ဈေးပိုပေးဝယ်နေရတယ်။ ၃သိန်းလောက်ပိုပေးနေရတယ်”

 ဟု ကျွန်းတောလမ်းရှိ မော်တော်ယာဉ် ဝယ်ရောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

‘လ’ အက္ခရာ မော်တော်ယာဉ်ဟောင်း တစ်စီးလျှင် ကျပ် ၉၅ သိန်းဝန်းကျင်၊ ‘လ’ အက္ခရာ အပ်နှံစလစ် (ပုံစံ ဃ) တစ်စောင်လျှင် ကျပ် ၉၉ သိန်းခန့်နှင့် ‘သ’ ယာဉ်ဟောင်း တစ်စီးလျှင် ကျပ် သိန်း ၉၀ ဝန်းကျင် ရှိနေပြီး ဇွန်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် ‘သ’ အက္ခရာများ ဆက်လက် ဈေးမြင့်လာနိုင် ကြောင်း ဝယ်ရောင်းများ

က ခန့်မှန်းထားသည်။

ဇွန်လ ၂၀ ရက်နေ့အထိ ယာဉ်အို ယာဉ်ဟောင်း ၈၄,၈၅၆ စီး အပ်နှံခွင့် ပြုခဲ့ပြီး အဆိုပါ ပမာဏမှာ ယာဉ်အို ယာဉ်ဟောင်း စုစုပေါင်း ပမာဏ၏ ၈၇ ဒသမ ၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား

မှု ဦးစီးဌာနကထုတ်ပြန်ထားပြီးအပ်နှံနိုင်မည့် မော်တော်ယာဉ်အရေအတွက်နည်းပါးလာခြင်း ကြောင့်လည်း
မော်တော်ယာဉ်ဟောင်း ဈေးများ မြင့်တက်လာခြင်း ဖြစ်ကြောင်း မော်တော်ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင်များ
က ပြောကြားသည်။

လိုင်စင်မဲ့ ကားများ ဖမ်းဆီးနေခြင်းကြောင့် မန္တလေးနှင့် နယ်စပ်မြို့များမှ တရားဝင် လိုင်စင် မော်တော်ယာဉ်

များ လာရောက် ဝယ်ယူနေကြောင်း သီရိမင်္ဂလာဈေးဟောင်း မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းမှ ဝယ်
ရောင်း လုပ်ငန်းရှင် တစ်ဦးကဆိုသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 25.6.2013

No comments:

Post a Comment