Pages

Pages - Menu

Sunday, June 23, 2013

ဟန်ဆောင်ကောင်းတဲ့မြို့

Photo: ကားတွေနဲ့လူတွေ... လူတွေနဲ့ကားတွေ အချင်းများတဲ့စစ်ပွဲကို ရန်ကုန်မှာ နေ့ည ဆင်နွှဲနေကြရတယ်။ ကားတွေကကျပ်တယ်၊ လူတွေကဖြတ်တယ်။ ရပ်ချင်သလို ရပ်တယ်။ ဟွန်းမတီးရဆိုတဲ့ ဇုန်မှာ ဟွန်းသံတွေ ညံနေ တယ်။ အော်ကြတယ်။ ဆဲကြတယ်။ "ကား မောင်းစားလာတာ ဆယ်နှစ်ကျော်ပြီ။ ဒီတစ်နှစ် ၂ နှစ် စိတ်အကုန်ဆုံးပဲ။ အချိန်တိုနဲ့ လိုရာကို မရောက်တော့ဘူး။ အရေးကြီးရင် လမ်းဆင်း လျှောက်တာကမှ အဆင်ပြေလိမ့်မယ်။ လမ်းတွေပိတ်တာကို မဖြေရှင်းနိုင်ဘဲ ကားတွေက လမ်းတွေပေါ် ပြုံပြီးရောက်လာတော့ ပိုဆိုးကုန်တာပေါ့" လို့ တက္ကစီမောင်းသမား တစ်ယောက်က ညည်းတယ်။

Sunday, June 23, 2013

ရန်ကုန် မြို့ပြလူနေမှုဘဝမှာ ကားဆိုတာမရှိမဖြစ် အရေးပါတဲ့နေရာကို ရောက်လာတယ်။ ဒါကြောင့် ထင်ပါ
တယ် စေတနာထားလိုက်တဲ့ အစိုးရက ဒီမြို့နဲ့ဒီလမ်းမှာ ကားစီးရေတွေ အောတိုက်နေအောင် ရောက်လာဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးလိုက်တယ်။ကား ဆိုတာကို အိပ်မက်တောင် မမက်နိုင်တဲ့ သူတွေ ပြည်တွင်းထုတ် ဂျစ်ကားကို သိန်း ၃၀ လောက်နဲ့ ဝယ်
နိုင်သလို၊ နိုင်ငံခြားကားသစ် ဆိုရင်တောင် သိန်း ၆၀/၇၀ လောက်ရှိရင် စီးနိုင်တယ်ဆိုတော့ မြို့ပြရဲ့ စိတ်ကူး
အိပ်မက်ထဲကို ကားတွေ လှိမ့်ဝင်လာခဲ့ ပါတော့တယ်။

ရန်ကုန်မြို့ပြရဲ့ ပိတ်လှောင်မွန်းကျပ်လာမှုက တစ်နှစ်ထက်တစ်နှစ်ပိုပြီး လွန်ကဲလာပါတယ်။ လူတွေကြပ်၊ ကားတွေကြပ်၊ စိတ်ဓာတ်တွေကျပ်လွန်းလို့ စည်းကမ်းတွေကို လျှော့နေတာလား။ ဒါမှမဟုတ် အဖြေရှာမရ
တော့တဲ့အတွက် ခက်လှတဲ့ပုစ္ဆာကို မတွက်ဘဲ ပစ်ထားလိုက်ကြတာလား။

မည်သို့ဆိုစေ ကားလမ်းကျဉ်းတာကို ပလက်ဖောင်းတွေကို လျှော့ပြီး ကျယ်အောင်ချဲ့၊ နဂိုကမှ လူသွားလို့
မရတဲ့ ပလက်ဖောင်းမှာ ဈေးရောင်းတာ ကိုလည်းမဖြေရှင်းနိုင်၊ ကားတွေ လမ်းပျောက်၊ လူတွေ လမ်းပေါ်
ရောက်၊စိတ်ဓာတ်တွေ မြောင်းထဲရောက်နေတဲ့ ရန်ကုန်မြို့ပြ ကတော့ လှချင်ယောင်ဆောင်ပြီး ဂုဏ်မောက်
နေတုန်းပါပဲ။


The Voice Weekly , RangonNewsDaily
kolatt(PBDN): 23.6.2013

No comments:

Post a Comment