Pages

Pages - Menu

Thursday, June 20, 2013

လမ်း ၁၂၀ ထိပ်တွင် သင်္ကန်းဝတ် သံဃာတော်တစ်ပါးမှသစ်သားတုတ်ဖြင့် ရိုက်နှက် ရန်စမှု ဖြစ်ပွား

ဇွန်လ ၁၉၊ ၂၀၁၃

ရန်ကုန် ။ ။ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လမ်း၁၂၀ ထိပ်၊ အနှေးယာဉ်ဂိတ်ရှိ ဆိုက်ကားပေါ်တွင် ထိုင်နေသူ အစ္စလာမ် ဘာသာဝင် အမျိုးသား တစ်ဦး ဖြစ်သည့် ဦးစိုးအား ဇွန်လ ၁၉ရက်နေ့ ည ၈နာရီခွဲ အချိန်ခန့်က သင်္ဃန်းဝတ် သက်ကြီး သံဃာတော်တစ်ပါးမှ သစ်သားတုတ်ဖြင့် ရိုက်နှက် ရန်စမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လမ်း ၁၂၀နေ ပြည်သူ တစ်ဦးအား M-Media မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

" အခုရိုက်ခံလိုက်ရတဲ့ ဦးစိုး ဆိုတဲ့သူက ကျွန်တော်တို့ လမ်း၁၂၀ မှာနေထိုင်တဲ့ သူပါ။ သူက ဆိုက်ကားဂိတ်မှာ ထိုင်နေရင်း ဖြစ်တာ ဆိုပေမယ့် ဆိုက်ကား ဆရာတော့ မဟုတ်ပါဘူး။ သူက ပလာဇာရှေ့မှာ အသုပ်ရောင်းတဲ့သူလို့ သိရပါတယ်။ ဖြစ်ပုံက သူက ကျွန်တော်တို့ လမ်းထိပ်က ဆိုက်ကား ဆရာတွေနဲ့ ခင်တယ် ထင်ပါတယ်။ အဲဒီက ဆိုက်ကားနင်းတဲ့ ဆရာတွေနဲ့ အတူ သူက ဆိုက်ကားပေါ် ထိုင်နေကြတာ။ 
အဲဒီမှာ အသက်ကြီးကြီး ဘုန်းကြီးတစ်ပါးက လမ်းလျှောက်လာတယ်။ တစ်ဖက်က လွယ်အိတ် လွယ်ထားပြီး၊ နောက် လက်တစ်ဖက်မှာ သစ်သားတုတ် တစ်ချောင်းကို ပုခုံးပေါ် တင်ပြီး လျှောက်လာရင်းကနေ မထင်မှတ်ဘဲ အဲဒီ့လူကို သစ်သားတုတ်နဲ့ ထုလိုက်တာလို့ အခင်းဖြစ်ပွားတဲ့နေရာက မျက်မြင်တွေက ပြောပြကြသည်။
တော်တော်လေး နာသွားတယ်။ ခေါင်းဆိုတော့ ဘယ်လောက်ထိ အတွင်းထဲမှာ ဖြစ်သွားလဲ ဆိုတာတော့ မသိရသေးပေ့မယ်။ ခေါင်းတော့ ကွဲသွားတာမျိုးတော့ မဖြစ်သွားပါဘူး။ ဒါပေမယ့် အဲဒီ့ သင်္ဃန်းဝတ် သံဃာတော်ကို ဘာမှ ပြန်ပြီး တုံပြန် ပြောဆို တာမျိုးတောင် မလုပ်ကြပါဘူး။
ဒါ သက်သက်မဲ့ အကြောင်းမဲ့ လာရန်စတယ်ဆိုတာကို ဖြစ်ပွားရာ နေရာမှာ ရှိတဲ့ ဘာသာပေါင်းစုံက လူတွေ အားလုံးလဲ မြင်ကြ၊ သိကြ သဘောပေါက် ကြပါတယ် ခင်ဗျာ" ဟု M-Media သို့ပြောသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် ရုတ်ရုတ် ရုတ်ဖြစ်ပွားခဲ့ရာ လမ်း အနီးနားရှိ ပြည်သူများမှာ ထိတ်လန့် စိုးရိမ်ခဲ့ရပြီး ယခု အခြေအနေ ပြန်လည် တည်ငြိမ်လာကြောင်း သိရသည်။

ယင်း သံဃာတော်အား ယခင်က ဤပတ်ဝန်းကျင် မြို့နယ်၌ မမြင်ဖူးသည့် မျက်နှာစိမ်း သံဃာတစ်ပါး ဖြစ်ကြောင်၊ တုတ်နှင့် အရိုက်ခံရသူနှင့် ဘာရန်ငြိုးရန်စမှ မရှိသည့် အပြင် မြင်တောင် မမြင်ဘူးသူ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


M-Media , RangonNewsDaily
kolatt(PBDN): 19.6.2013

No comments:

Post a Comment