Pages

Pages - Menu

Thursday, June 13, 2013

ရန်ကုန်ဘူတာကြီးကို ဈေးဝယ်စင်တာနှင့် အထပ်မြင့်အဆောက်အအုံများဖြင့် အဆင့်မြှင့်မည်

ရန်ကုန်ဘူတာ ကြီးကိုအဆင့်မြင့်ဈေးဆိုင်ခန်း များ၊ရုံးခန်းများပါသောအထပ် မြင့် အဆောက်အုံတစ်ခုအဖြစ်
အဆင့် မြှင့်တင် ရန် စီစဉ်လျက်ရှိ ကြောင်း မြန်မာ့မီးရထား တိုင်း အမှတ်(၇)မှ လက်ထောက်အထွေ ထွေမန်
နေဂျာ ဦးကျော်ကျော်မျိုး က ပြောကြားသည်။''ရန်ကုန်ဘူ တာကြီး ကို အဆင့်မြှင့် တင်တဲ့ လုပ်ငန်းစဉ်တွေ
ထဲမှာ ဘူတာ ကြီးကို အထပ်မြင့်ဈေးဝယ်စင်တာ မျိုးတွေ၊ ရုံးခန်းတွေ ငှားရမ်းလုပ်ကိုင် ခွင့်ပေး တဲ့လုပ်ငန်း စဉ်တွေ ပြုလုပ် ဖို့ အစီအစဉ်ရှိပါတယ်''ဟု ယင်းက ပြော သည်။
ယင်းကဲ့သို့ ရန်ကုန်ဘူတာကြီး အား နိုင်ငံတကာအဆင့်မီဈေးဝယ်စင် တာများ ပါဝင်သော အဆောက်အ အုံ
အဖြစ် ပြုလုပ်ရခြင်းမှာရထားပို့ ဆောင်ရေးဝ န်ကြီးဌာနအနေဖြင့်ခရီးသွားပြည်သူများအတွက် ငွေကြေးအရှုံး
ခံကာခရီးသွားလာမှုအစဉ်ပြေ စေရန်ဆောင်ရွက်နေသည့်အတွက်ရန်ကုန်ဘူတာကြီးအားအဆင့်မြှင့်တည်
ဆောက် ကာ ဝန်ကြီးဌာန၏ ဝင် ငွေကို ကာမိအောင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

ဦးကျော်ကျော်မျိုးက''ရန်ကုန်ဘူတာကြီးက၁၉၄၆ခုနှစ်ပတ်ဝန်း ကျင်ကတည်းက ဆောက်လုပ်ခဲ့တဲ့ အတွက်

ယဉ်ကျေးမှု အမွေအနှစ်တစ် ခုအဖြစ်လို့ ပြောလို့ ရတယ်၊ ဂျပန်က တိုကျိုဘူတာဆိုရင်လဲ သူတို့ရဲ့ ရှေး အမွေ
အနှစ်ဘူတာဟောင်းကိုမဖျက်ဆီးဘဲအဆင်မြှင့်ဘူတာကြီးဆောက်ထားတွေ့ရတော့ရန်ကုန် ဘူတာကြီး လဲ
ရှေး အမွေ အနှစ်မပျက်စီးဘဲအဆင့် မြှင့်နိုင်ဖို့အတွက် စီစဉ်နေပါတယ်''ဟု ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
သို့ ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ ပတ်ရထားပြေးဆွဲမှုအတွက်လည်း မြန်မာ့မီးရထားအနေဖြင့်တစ်နေ့လျှင်ကျပ်

၂ဒသမ ၅သန်းကျော် အရှုံးခံ ကာပြည်သူများအတွက် ခရီးသွား လာမှုအဆင်ပြေစေရန်အတွက်ဝန် ဆောင်မှု
ပေးလျက်ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

သော်ဇင်ထက်
YMG , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃

No comments:

Post a Comment