Thursday, June 20, 2013
ဒေသခံတို့ ဘ၀ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့သည့် ထားဝယ်စီမံကိန်း အခုတော့ မပြီးမပြတ်ဘ၀နှင့် ရှေ့မ
ဒေသခံတို့ ဘ၀ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့သည့် ထားဝယ်စီမံကိန်း အခုတော့ မပြီးမပြတ်ဘ၀နှင့် ရှေ့မ
တိုးသာ နောက်မဆုတ်သာ အခြေအနေကိုရင်ဆိုင်နေရပြီ။
စီမံကိန်းကို တာဝန်ယူလုပ်ဆောင်နေတဲ့
ထိုင်းအ
စိုးရ ကျောထောက်နောက်ခံပြု အီတာလျံ-ထိုင်းကုပ္မဏီ အနေဖြင့်စီမံကိန်း
ကိုဆက်လက်လုပ် ဆောင်နိုင်ရန်
ငွေကြေးအခက်အခဲကိုအကြောင်းပြပြီး
နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကိုရယူနိုင်ရန်အတွက်ယခင်နှစ်ကပင်
ကြိုး
စားလာသည်။ ဂျပန်ရင်းနီးမြှုပ်နှံမှုကိုအဓိကထားရယူနိုင်ရန်ကြိုးစားလာသည်။သို့သော် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်
မာခရီးစဉ်အပြီး ထားဝယ်စီမံကိန်းမှာ မျှော်လင့်ချက်မဲ့စွာဖြင့်
အနာဂတ်ကိုရင်ဆိုင် ရတော့ပေမည်။
မြန်မာအစိုးရကတော့ ထိုင်းအစိုးရကို စီမံကိန်းယခုအခြေအနေတွေနှင့်ပတ်သက်၍ဖိအားပေးနေရာ အီတာ
မြန်မာအစိုးရကတော့ ထိုင်းအစိုးရကို စီမံကိန်းယခုအခြေအနေတွေနှင့်ပတ်သက်၍ဖိအားပေးနေရာ အီတာ
လျံ-ထိုင်းမှာစီမံကိန်းကနေထွက်ခွာရတော့မည့်အခြေအနေတွေနှင့် ကြုံတွေ့နေရကြောင်း ပြည်တွင်းသတင်း
တွေက ဖော်ပြကြသည်။
ယခု အခြေအနေတွေကြားမှာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ချင်နာဝပ်နှင့် နှမတော် လက်ရှိဝန်ကြီးချုပ်
ယင်လက်ချင်နာဝပ်တို့ မြန်မာနိုင်ငံအပေါ် တောင်းပန်နားချသည့်ခရီးစဉ်တွေတသီတတန်း ကြီးရှိခဲ့ပေသည်။
အမေရိကန်ဒေါ်လာ (၈.၅)ဘီလျံတန်ဖိုးရှိပြီး
ဟက်တာ(၂၀၀၀၀)ခန့် ကျယ်ဝန်းသည့် ထားဝယ် ဆိပ်ကမ်းစီမံ
ကိန်းကို
ထိုင်းလက်ရှိအစိုးရနှင့် အပေါင်းအပါတို့က အရှေ့တောင်အာရှ၏
အကောင်းဆုံးဆိပ်ကမ်း ဖြစ်လာ
လိမ့်မည်ဟု ပြောဆိုခန့်မှန်း နေသော်လည်းထိုင်းပညာတတ်အုပ်စုဖြစ်တဲ့ဒီမိုကရက်တွေကတော့သိပ်သဘော
မကျကြပေ။
အထူးသဖြင့်
ထိုင်းတို့၏ စက်မူလုပ်ငန်းအများစုကို နိုင်ငံအပြင်ဖက်တွင်
ထားရှိခြင်းအားဖြင့် နိုင်ငံရေးအကျပ်
အတည်း ဖြစ်လာနိုင်သည်ကိုစိုးရိမ်ကြသည်။ဒီမိုကရက်တွေသဘောကျတာကြတော့ထိုင်းနိုင်ငံတွင်း အပြည့်
အဝ
ထိန်းချုပ်နိုင်သည့် လန်ချဘန် ဆိပ်ကမ်းသာဖြစ်သည်။
ထားဝယ်စီမံကိန်းကို ၂၀၀၈ ခု မေလ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ၂၀၁၁ဇွန်န၀ါရီလ၂၇ နေ့ ရက်စွဲ ဖြင့်ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို မြန်မာ စစ်အစိုးရဟောင်းလက်
ထားဝယ်စီမံကိန်းကို ၂၀၀၈ ခု မေလ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး၊ ၂၀၁၁ဇွန်န၀ါရီလ၂၇ နေ့ ရက်စွဲ ဖြင့်ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို မြန်မာ စစ်အစိုးရဟောင်းလက်
ထက် ထုတ်ပြန်ခဲ့သည်။
ဥပဒေ ထုတ်ပြန်ခဲ့သော နေ့ရက်များသည် အသွင်ကူးပြောင်းတော့မည့်
ရက်များအ
တွင်းဖြစ်လေရာ ထိုင်းအစိုးရ အလိုဖြစ်နိုင်သည်။
ဆိပ်ကမ်းစီမံကိန်းအတွင်း ပါဝင်သည့် ဆိပ်ကမ်းဧရိယာတ
ဝိုက်
စက်မှုဇုန်(၅)ခုရှိပြီး အကြီးစား စက်မှုလုပ်ငန်းများ၊ ရေနံနှင့်
သဘာဝဓါတ်ငွေ့၊ ရေနံနှင့် ဓါတုထုတ်ကုန်
များ အလတ်စား စက်မှုလုပ်ငန်းများနှင့်
အသေးစား စက်မှုလုပ်ငန်းများ ပါဝင်သည်။ အငြင်းပွားဖွယ် ကျောက်
မီးသွေးဖြင့်
ဓါတ်အားပေး စက်ရုံများနှင့် ဓါတုထွက်ကုန်စက်ရုံများ ပါဝင်နေသည်။
၂၀၁၀
နိုဝင်ဘာလ ၂ ရက်နေ့ နောက်ပိုင်းအီတာလျံ-ထိုင်းအနေဖြင့်စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများ
ကို စတင်တည်ဆောက်ခဲ့သည့်အချိန်မှစ၍
ကျေးရွာများကိုပြောင်းရွှေ့ခြင်း ဒေသခံပိုင်လယ်ယာမြေများအား
သိမ်းယူခြင်းစသည့် အငြင်းပွားစရာ လုပ်ရပ်များကြောင့်
ဒေသခံတို့ အမုန်းတရား တိုးပွားလာသည်။
အကယ်၍သာအီတာလျံ-ထိုင်းအနေဖြင့်
စီမံကိန်းမှနှုတ်ထွက်သွားပါက လျှော်ကြေးငွေ မပြီးမပြတ်ဖြင့်ဒေသ
ခံတို့မှာပိုမိုဒုက္ခရောက်ရမည်ကိုစိုးရိမ်နေရသည်။အဘယ်ကြောင့်ဆိုသော်ထားဝယ်ထက်ယနေ့အချိန်သီလ၀ါ
ကသာ ရေပန်းစား၍ နိုင်ငံတကာနှင့် ကယ်တင်ရှင်
ဂျပန်ကစိတ်ဝင်စားလျက် ရှိပေသည်။
မြနှင်းသူ (အတွေးအမြင်)
မြနှင်းသူ (အတွေးအမြင်)
Arakan Times , RangonNewsDaily
kolatt(PBDN): 20.6.2013
kolatt(PBDN): 20.6.2013
No comments:
Post a Comment