Pages

Pages - Menu

Saturday, June 8, 2013

ပေါင်းတည်မြို့ သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင်နေသူ တစ်ဦး ခဲတံချွန်ဓါးနှင့် အလှီးခံရ

ဇွန် ၈၊ ၂၀၁၃

ပေါင်းတည် ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်းသကျမုနိမိုရ်းကောင်းဘုရားကြီးတွင် နေထိုင်သူ

 တစ်ဦးအား ဇွန်လ ၇-ရက်နေ့က ခဲတံချွန်ဓါးနှင့် အလှီးခံရကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဈေး(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သော သကျ
မုနိမိုရ်းကောင်းဘုရားကြီး၏ အလှူခံဌာနတွင် နိဗ္ဗာန်ဆော်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အလှူခံလေ့ရှိ
သောအသက် (၆၅)နှစ် အရွယ်ရှိ ဦးသိန်းအောင် (ဘ) ဦးခင်မောင် ၏ လည်ပင်းအား ခံတံချွန်ဓါးနှင့်း လှီးဖြတ်
ခံခဲ့ရကြောင်း၊ ထို ဒဏ်ရာကြောင့် ဦးသိန်းအောင်သည် ယင်း ဓါးဖြင့် လှီးဖြတ်သည်ကို ၆-ချက် ချုပ်လိုက်ရ
ကြောင်းနှင့် ပေါင်းတည်ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူမှု ပြုလုပ်လိုက်ရကြောင်းသိရသည်။

အဆိုပါ ဦးသိန်းအောင်အား ဓါးဖြင့် လှီးသူမှာ နတ်တလင်းမြို့နယ်၊ လှပခြင်းရွာ နေ ဗမာ/ဗုဒ္ဓဘာသာ ဖြစ်ပြီး အသက်(၁၄)နှစ်အရွယ်ရှိခန့်ကြည်ဝင်း(ခ) ဖြူလုံး (ဘ) ဦးကျင်ထွန်း ဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းဖော်ထုတ်

ခဲ့ပြီးယင်းအမှုအား ပေါင်းတည်မြို့နယ်ရဲစခန်းမှဒုရဲအုပ် ဇော်ဝင်းထွဋ်မှ ပြစ်မှု ပုဒ်မ(၃၂၆)အရ အမှုဖွင့် အရေး
ယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ဓါးဖြင့် လှီးဖြတ်ခံရသည်မှာ အဆိုပါ ဦးသိန်းအောင်ဆိုသူသည် ဘုရားဝင်းအတွင်းတွင် နေထိုင်

သူဖြစ်ပြီး ဘုရားဝင်းအတွင်း ကလေးများ လာရောက်ကစားသည်ကို ငေါက်ငမ်းအော်ဟစ်လွှတ်မှုကို မကျေန
ပ်၍ သူအိပ်ပျော်နေချိန်တွင် လာရောက် လှီးဖြတ်သွားခြင်းဖြစ်နိုင်ကြောင်းကို အဆိုပါ ဦးသိန်းအောင်နှင့် နီး
စပ်သူထံမှ သိရသည်။

** ဓါတ်ပုံပါ သတင်းထုတ်ပြန်ချက်မှာ ကောလဟလ သတင်းအမှားများထုတ်ပြပြန်ပြီး ဘာသာရေးအကြမ်း

ဖက်မှုများ ဖန်တီးမည်ကို စိုးရိမ်သောကြောင့် ပေါင်းတည်ရဲစခန်းမှ သတင်းထုတ်ပြန်ချက်ဖြစ်ပါသည်။

M-Media ,Rangonnewsdaily
RND:  :8.6.2013

 

No comments:

Post a Comment