ပြီးခဲ့တဲ့ မေလ၂၈ ရက်နေ့နဲ့ ၂၉ရက်နေ့ကရှမ်းပြည်နယ်လားရှိုးမြို့မှာ
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာပါဝင်ပတ်သက်
မှုနဲ့ ဖမ်းဆီးခံထားရတဲ့၂၉ ဦးကိုအများပြည်သူအသုံးပြုရာလမ်းမမှာစုဝေးသွားလာမှုနဲ့ လားရှိုးမြို့နယ်တရား
ရုံးက
၁၄ ရက်တစ်ခါ လက်မှတ်လာရောက်ထိုးရတဲ့ ခြေချုပ်ပြစ်ဒဏ် အမိန့်ချလိုက်တယ်လို့
သိရပါတယ်။ အဲဒီ၂၉ ဦးကို မနေ့က အမှတ် (၁) ရဲစခန်းနဲ့ အမှတ် (၂)
ရဲစခန်းတွေက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ တရား
စွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့
ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးတဲ့အခါမှာ ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။
လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသမီးတစ်ဦးကို
အမျိုးသားတစ်ဦးက ဓါတ်ဆီလောင်း မီးရှို့
ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး
ဇွန်လ ၁၁ ရက်နေ့က အဲဒီမီးရှို့တဲ့သူကို လားရှိုးမြို့နယ်တရားရုံးက ပုဒ်မ ၃ဝ၇အရ ထောင်ဒဏ် ၇ နှစ်၊ပုဒ်မ ၃၂၆အရ ထောင်ဒဏ် ၇ နှစ်၊မူးယစ်ဆေးဝါးနဲ့
စိတ်ကိုပြောင်းလဲစေတတ်
သော ဆေးဝါးများဆိုင်ရာပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅
နှစ်၊ ပုဒ်မ ၁၆ (င) အရ ထောင်ဒဏ် ၇ နှစ်၊ စုစု
ပေါင်း ၂၆ နှစ်
ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီပဋိပက္ခထဲမှာပါဝင်ပတ်သက်နေတယ်လို့ယူဆရသူစုစုပေါင်း ၆ဝ ထဲက ကျန်တဲ့ ၃၁ ဦးကိုလည်း
သက်ဆိုင်
ရာက စစ်ဆေးမှုတွေ ထပ်မံပြုလုပ်နေတယ်လို့ မြို့နယ်တရားသူကြီး
ဦးနေဝင်းက ပြောပါတယ်။
RFA (Burmese) , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃

No comments:
Post a Comment