Friday, June 28, 2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အလုပ်သမားတွေရဲ့အခွင့်အရေးကာကွယ်ဖို့ ပျက်ကွက်တယ်လို့ ဆိုပြီး ဘင်္ဂလားဒေ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အလုပ်သမားတွေရဲ့အခွင့်အရေးကာကွယ်ဖို့ ပျက်ကွက်တယ်လို့ ဆိုပြီး ဘင်္ဂလားဒေ့
ရှ်ကိုပေးထားတဲ့အမေရိကန်ရဲ့ကုန်သွယ်ရေး
ဆိုင်ရာအကျိုးခံစားခွင့်တွေကို အမေရိကန်သမ္မတ အိုဘားမား
က ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ အံ့သြရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ အထည်ချုပ်စက်ရုံ ပြိုကျလို့ လူ ၁၂၀၀
ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် ၂ လအကြာ အမေရိကန်ဘက်က တင်းတင်းကျပ်ကျပ်
စောင့်ကြည့်မှုတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ဘင်္ဂလားဒေ့
ရှ် နိုင်ငံအနေနဲ့
စက်ရုံတွေမှာ လုံခြုံစိတ်ချမှု ပိုပြီးရှိလာစေဖို့
ခိုင်မာတဲ့ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့
တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ပြောပါတယ်။
သမ္မတအိုဘားမားရဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ်က
အမေရိကန်နိုင်ငံကိုတင်
သွင်းတဲ့ ကုန်ပစ္စည်းတွေ အခွန်ကင်းလွတ်ခွင့်ရနေတဲ့
အခွင့်အရေး ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။
ဒီ အခွန်ကင်းလွတ်ခွင့် အခွင့်အရေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချ
ဒီ အခွန်ကင်းလွတ်ခွင့် အခွင့်အရေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချ
မှတ်ထားတဲ့ Generalized System of Preference GSP လို့ခေါ်တဲ့
ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့် အစီအ
စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
ဒီအစီအစဉ်ထဲမှာ အထည်ချုပ် စက်ရုံတွေ မပါဝင်ပေမဲ့လို့၊ စက်ရုံတွေ
လုံခြုံ
ရေးစိတ်ချမှုရှိရေး အလေးအနက်ထားတယ်ဆိုတာကို နိုင်ငံခြားကုမ္ပဏီတွေကို အကြီးအကျယ် နားချဖို့ကြိုး
စားနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက်တော့ အခုဆုံးဖြတ်ချက်က ရှက်စရာကိစ္စတခုပဲ ဖြစ်ပါတယ်။
VOA , RangonNewsDaily
kolatt(PBDN): 29.6.2013
စားနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအတွက်တော့ အခုဆုံးဖြတ်ချက်က ရှက်စရာကိစ္စတခုပဲ ဖြစ်ပါတယ်။
VOA , RangonNewsDaily
kolatt(PBDN): 29.6.2013
No comments:
Post a Comment