Pages

Pages - Menu

Wednesday, May 22, 2013

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် Myanmar Microfinance Bank ယခုနှစ်အတွင်း တည်ထောင်မည်

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းသက်သာမည့် Myanmar Microfinance Bank (MMB) ကို ယခုနှစ်အတွင်း တည်ထောင်သွားရန် စီစဉ်လျက်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်း
ရရှိသည်။လက်ရှိဗဟိုဘဏ်၏အတိုးနှုန်းမှာတစ်နှစ်လျှင်၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှု
န်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်
ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။
ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီးအခြားဘဏ်များထက်ဘဏ်တိုးနှုန်း လျော့နည်းသက်သာမည် ဖြစ်ကြောင်းသိရသည်။

"ဒီဘဏ်က နိုင်ငံတော်နဲ့ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ တည်ထောင်တာ ဖြစ်ပါတယ်။ တခြားအသစ်ဖွင့်မယ့် ဘဏ်တွေနဲ့ မတူဘူး။ ဦးတည်တာက အခြေခံ လူတန်းစားနဲ့ ၀င်ငွေနည်း လူလတ်တန်းစားတွေအတွက် ဖြစ်
ပါတယ်။ အပ်ငွေလည်း လက်ခံမယ်၊ ငွေလည်း ထုတ်ချေးမယ်။ ဘဏ်တိုးနှုန်းကလည်း အခုအတိုးနှုန်းရဲ့ တစ်
ဝက်လောက်ပဲ ရှိမှာပါ" ဟု သမ၀ါယမဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။

အဆိုပါ MMBဘဏ်တည် ထောင်ရန်အတွက်အစုရှယ်ယာများ စတင်ခေါ်ယူနေပြီး အစုရှယ်ယာ တစ်စုလျှင်
 ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်ထားကြောင်း သိရပြီး ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ အဓိက ၀ယ်ယူနေကြ
ကြောင်းလည်း သတင်းရရှိသည်။ "ကျွန်တော်တို့ ဘဏ်လည်း MMB ဘဏ်မှာ အစုရှယ်ယာ ပါတယ်။ ကျွန်
တော်လည်း အစုရှယ်ယာ ၀ယ်ထားတယ်" ဟု ဦးဖေမြင့်က ဖြည့်စွက်ပြောကြားသည်။

မေလဆန်းတွင် ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်

ခုနှင့် နေပြည်တော်စည်ပင်သာယာရေးဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်ဟုသတင်းထွက်
ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရ
သည်။

ဗဟိုဘဏ် အနေနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုဘဏ်တွင်သီးခြားလွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ရှိစေရန်ဗဟိုဘဏ်ဥပဒေသစ်ကို အချောသပ် ရေးဆွဲထုတ်

ပြန်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင်ပုဂ္ဂလိကစီးပွားရေးဘဏ်များတစ်နှစ်ထက် ပိုချေးငှားခွင့် ပြုနိုင်ရန်နှင့် အိမ်ခြံမြေ ဈေးကွက်တွင် စတင်

ဆောင်ရွက်နိုင်စေရန်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းနိုင်သောပိုင်ဆိုင်မှုများကို အပေါင်ခံအဖြစ် 
ထားခွင့်ပြု၍ ငွေချေးငှားခွင့်ကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသောစာရင်းများအရပုဂ္ဂလိကဘဏ် ၁၉ ဘဏ်ရှိပြီး

 နိုင်ငံပိုင်ဘဏ် လေးဘဏ်ရှိသည်။

Eleven , Rangonnewsdaily
RND:  :22.5.2013

No comments:

Post a Comment