Pages

Pages - Menu

Wednesday, May 8, 2013

"မွေးနေ့နဲ့ အနုပညာ သက်တမ်း ၁၅ နှစ် ပြည့် အထိမ်းအမှတ် King of the Set ရှိုးပွဲကြီး ကျင်းပမယ့် ဒါရိုက်တာ ညိုမင်းလွင်"

"မွေးနေ့နဲ့ အနုပညာ သက်တမ်း ၁၅ နှစ် ပြည့် အထိမ်းအမှတ် King of the Set ရှိုးပွဲကြီး ကျင်းပမယ့် ဒါရိုက်တာ ညိုမင်းလွင်"

ဒါရိုက်တာ ညိုမင်းလွင်က “ရင်တွင်းခေါ်သံ” ဆိုတဲ့ ဇာတ်ကားကို နိုင်းနိုင်း၊ နဝရတ် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်က ပထမဆုံး နှစ်ကိုယ်ခွဲ ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်သလို သရဲ ဇာတ်ကား ကို သေ ချာပြင်ဆင်ပြီး ရိုက်ကူးဖြစ်ကြောင်း ပြောပြပါတယ်။

“ကျွန်တော့်ကို သရဲကား မရိုက် တော့ဘူးလား၊ “ညကျောင်း” လို ဇာတ်ကား မျိုး ပြန်ရိုက်ပါဦးလို့ ပြော ကြတဲ့ ပရိသတ်တွေ အတွက် ကျွန် တော် အခု ပထမဆုံး ပြန်ရိုက်ဖြစ်တဲ့ သရဲကားပေါ့။ ကျွန်တော် ကိုယ်တိုင်က သရဲကြောက်တတ်တဲ့ အတွက် ကိုယ်ဆို ဘယ်လိုမျိုးကို ကြောက်မလဲ၊ ဘယ်လို အခြေအနေမျိုး မှာကြောက် လဲပေါ့။ အဲဒီအတွက် ကိုယ်က သူများကို ခြောက်တာ သူများ နဲ့မတူဘူးပေါ့။ ကျွန်တော့် အတွက် ဒီကားမှာ မှတ်မှတ် ရရက ကျွန်တော် ဒါရိုက်တာ လုပ်ပြီး ရိုက်ခဲ့တဲ့ အထဲမှာ ဒီကားက ပထမဆုံး နှစ်ကိုယ်ခွဲ စတင်ရိုက်ကူးတဲ့ ကားလေးပါ။ ကျွန်တော်က အတတ်နိုင်ဆုံးတော့ သေသေချာချာလေး၊ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်မှာပါ။ ပရိသတ်တွေ စိတ်ကျေနပ် စေမယ့်ကားပါ။ မျှော်လင့်ရ ကျိုးနပ်အောင် ကျွန်တော် သေသေချာ ချာ အချိန်ယူ ပြင်ဆင်ပြီးမှ ရိုက်မှာပါ” လို့ ပြောပြ ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က စက်တင်ဘာလ မှာ ကျရောက်မယ့် မွေးနေ့ နဲ့ အနုပညာ သက်တမ်း ၁၅နှစ်ပြည့် ပွဲကို ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပြပါတယ်။ ပရိသတ်တွေ အတွက် အခမဲ့ ဖျော်ဖြေပွဲ လုပ်ပေး မှာဖြစ်ပြီး အနုပညာ ညီအစ်ကို မောင်နှမတွေနဲ့ အတူ ကျင်းပ မယ်လို့ ပြောပြပါတယ်။ ပွဲကိုတော့ King of the Set ရှိုးပွဲ အဖြစ် ကျင်းပသွား မယ်လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)

အေးချမ်းမွန် Credit & Copy From > Popular Journal <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ဒါရိုက်တာ ညိုမင်းလွင်က “ရင်တွင်းခေါ်သံ” ဆိုတဲ့ ဇာတ်ကားကို နိုင်းနိုင်း၊ နဝရတ် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်က ပထမဆုံး နှစ်ကိုယ်ခွဲ ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်သလို သရဲ ဇာတ်ကား ကို သေ ချာပြင်ဆင်ပြီး ရိုက်ကူးဖြစ်ကြောင်း ပြောပြပါတယ်။ “ကျွန်တော့်ကို သရဲကား မရိုက် တော့ဘူးလား၊ “ညကျောင်း” လို ဇာတ်ကား မျိုး ပြန်ရိုက်ပါဦးလို့ ပြော ကြတဲ့ ပရိသတ်တွေ အတွက် ကျွန် တော် အခု ပထမဆုံး ပြန်ရိုက်ဖြစ်တဲ့ သရဲကားပေါ့။ ကျွန်တော် ကိုယ်တိုင်က သ
ရဲကြောက်တတ်တဲ့ အတွက် ကိုယ်ဆို ဘယ်လိုမျိုးကို ကြောက်မလဲ၊ ဘယ်လို အခြေအနေမျိုး မှာကြောက် လဲ
ပေါ့။ အဲဒီအတွက် ကိုယ်က သူများကို ခြောက်တာ သူများ နဲ့မတူဘူးပေါ့။ 
 
ကျွန်တော့် အတွက် ဒီကားမှာ မှတ်မှတ် ရရက ကျွန်တော် ဒါရိုက်တာ လုပ်ပြီး ရိုက်ခဲ့တဲ့ အထဲမှာ ဒီကားက ပထမဆုံး နှစ်ကိုယ်ခွဲ စတင်ရိုက်ကူးတဲ့ ကားလေးပါ။ ကျွန်တော်က အတတ်နိုင်ဆုံးတော့ သေသေချာချာ
လေး၊ သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်မှာပါ။ ပရိသတ်တွေ စိတ်ကျေနပ် စေမယ့်ကားပါ။ မျှော်လင့်ရ ကျိုး
နပ်အောင် ကျွန်တော် သေသေချာ ချာ အချိန်ယူ ပြင်ဆင်ပြီးမှ ရိုက်မှာပါ” လို့ ပြောပြ ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က စက်တင်ဘာလ မှာ ကျရောက်မယ့် မွေးနေ့ နဲ့ အနုပညာ သက်တမ်း ၁၅နှစ်ပြည့် ပွဲကို ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပြပါတယ်။ ပရိသတ်တွေ အတွက် အခမဲ့ ဖျော်ဖြေပွဲ လုပ်ပေး မှာဖြစ်ပြီး အနုပ
ညာ ညီအစ်ကို မောင်နှမတွေနဲ့ အတူ ကျင်းပ မယ်လို့ ပြောပြပါတယ်။ ပွဲကိုတော့ King of the Set ရှိုးပွဲ အဖြစ် ကျင်းပသွား မယ်လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Popular Myanmar News , Rangonnewsdaily
RND:  :8.5.2013

No comments:

Post a Comment