ဆန်းစေတယ်။အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သ
လန်းတယ်ထင်ကြတယ်။တခ
ဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့
မှန်ကောင်းမှန်ပါလိမ့်မယ်။
သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကိုစွဲသောက်နေကြတာပဲ။Enervon-Cထဲမှာvitamin
C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။စာထဲတင်
မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။
တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။
Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး
၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေ
တယ်။Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။အတွေ့အကြုံအရ တခြားဆင်တူဆေးတွေ
မှာ လေဝင်တဲ့အခါအမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုး
ဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။
အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg
Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအား
တက်စေတယ်။စိတ်ဖိစီးမှုကင်းဝေးစေတယ်။ကျန်တဲ့vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်
လုံကေ
Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်
တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်
-အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။
-သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီး
ကျောက်တည်တာမျိုးဖြစ်လာတယ်။
-တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရ
တယ်။
Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။
-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။
တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။
အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။
ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum dose
အများဆုံးသောက်သုံးနိုင်တဲ့
မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်း
ပွားကြတယ်။လေ့လာမှုတွေလုပ်
ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ
ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊
သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ
Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သေဘာၤသား
တွေ၊ရြေေ
အေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်
။ကြော်ငြာ
တွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတ
လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေး
ထားပြောလာကြတဲ့ခေတ်မဟုတ်လား
ကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူး
။ဆေးတခုသောက်မယ်ဆိ
အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ
Credit to Dr. Aye Min Htoo
Rangonnewsdaily
RND: :5.5.2013
No comments:
Post a Comment