Pages

Pages - Menu

Monday, May 27, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ရွေးချယ်ထားသည့် ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေး ယနေ့ (မေ ၂၇) တွင် ပြုလုပ်မည်

27-5-2013
ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ရွေးချယ်ထားသည့် ဗဟိုကော်မတီဝင်များ၏ ပထမဆုံး အစည်းအဝေးကို မေ ၂၇ ရက်(ယနေ့) ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် နံနက် ၉ နာရီမှစ၍ ဆွေးနွေးမှုများ ပြီးဆုံးသည်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး စုစုပေါင်း ဗဟိုကော်မတီဝင် ၁၂၀ ဦး ရွေးချယ်ခဲ့ကာ ယင်းကော်မတီဝင်များ၏ အစည်းအဝေးကို ယခုမှ ပထမဆုံး ကျင်းပခြင်းဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများမှတစ်ဆင့် ဥပဒေရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့၊ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၊ စီးပွားရေးလုပ်ငန်း ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ . . . .
အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဖွဲ့စည်းထားသည့် ကော်မတီများ၏ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်မှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများ၏ လက်ရှိအခြေအနေများကိုလည်း တင်ပြသွားရမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းတစ်ခုစီကို ဆယ်မိနစ်စီ တင်ပြခွင့်ပြုထားသည်ဟု တောင်ကြီးမြို့မှ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးများကိုမူ ပြီးခဲ့သည့် ဧပြီ ၈ ရက်မှစ၍ နှစ်ပတ်လျှင်တစ်ကြိမ် တနင်္လာနေ့တိုင်း ပြုလုပ်လျက် ရှိသည်။
ယင်းဗဟို အလုပ်အမှုဆောင် အစည်းအဝေးများမှတစ်ဆင့် ဥပဒေရေးရာ ကော်မတီ၊ ပညာရေးရာ ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဗဟိုလူမှု အထောက်အကူပြုအဖွဲ့၊ ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၊ စီးပွားရေးလုပ်ငန်း ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ ပြန်ကြားရေး ကော်မတီ၊ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီနှင့် လွှတ်တော်ရေးရာ ကော်မတီများကို ပြန်လည်ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group , Rangonnewsdaily
RND:  :26.5.2013

No comments:

Post a Comment