Pages

Pages - Menu

Saturday, May 25, 2013

““ငါ့နွေဦးဂီတ”” (ကဗျာ)

““ငါ့နွေဦးဂီတ””

အခုမှဆွဲဖွင့်လိုက်တဲ့နွေဦးမှာ
ငါ့လက်မှတ်က အသစ်စက်စက်။

ရှေးမူမပျက်
နွေဦးကိုချစ်ရေးဆိုသူတို့
သုံးဖက်မြင်ညနေခင်းတွေရတယ်
အပြာဆွတ်ဆွတ်ရယ်သံတွေ ရတယ်
၁၃နှစ်သား မိုးတိမ်ကလေး အဆစ်ရတယ်
ငါ့နွေ ပိုပီပြင်လာ
ငါ
ပိုရင်ခုန်လာ။

ဖုန်းကြိုးပေါ်ကစာကလေးတွေ နွေအကြောင်းပြော
လိပ်စာမှားတဲ့ပိတောက်တွေ နွေအကြောင်းပြော
လက်ယက်တွင်းကလေးက နွေအကြောင်းပြော
ချစ်သောနွေဦးယံကောင်းကင်မှာ
သိင်္ဂါရဆိုတာကြီးကို လက်ပူးလက်ကျပ်မိတယ်။

လိပ်ပြာ
စမ်းချောင်း၊ တယောသံ၊ လရောင်
လက်ပံပွင့်၊ တံလျှပ်
မိုးလေ၀သကြေငြာချက်
မျက်လုံးထဲ
မေးခွန်းအပြတ်အစတွေ ပစ်ပစ်ချခဲ့ နွေဦးမှာ
ပြန်မလာသော ပဲ့တင်တို့အတွက်
ငါ့လက်မှတ်က အနှစ်သုံးဆယ်။ ။

လူငြိမ်းခိုင်
၂၄၊ဇွန်၊ ၁၉၉၈။သံတွဲ။

““ငါ့နွေဦးဂီတ””

အခုမှဆွဲဖွင့်လိုက်တဲ့နွေဦးမှာ
ငါ့လက်မှတ်က အသစ်စက်စက်။ ရှေးမူမပျက်
နွေဦးကိုချစ်ရေးဆိုသူတို့
သုံးဖက်မြင်ညနေခင်းတွေရတယ်
အပြာဆွတ်ဆွတ်ရယ်သံတွေ ရတယ်
၁၃နှစ်သား မိုးတိမ်ကလေး အဆစ်ရတယ်
ငါ့နွေ ပိုပီပြင်လာ
ငါ
ပိုရင်ခုန်လာ။


ဖုန်းကြိုးပေါ်ကစာကလေးတွေ နွေအကြောင်းပြော
လိပ်စာမှားတဲ့ပိတောက်တွေ နွေအကြောင်းပြော
လက်ယက်တွင်းကလေးက နွေအကြောင်းပြော
ချစ်သောနွေဦးယံကောင်းကင်မှာ
သိင်္ဂါရဆိုတာကြီးကို လက်ပူးလက်ကျပ်မိတယ်။

လိပ်ပြာ
စမ်းချောင်း၊ တယောသံ၊ လရောင်
လက်ပံပွင့်၊ တံလျှပ်
မိုးလေ၀သကြေငြာချက်
မျက်လုံးထဲ
မေးခွန်းအပြတ်အစတွေ ပစ်ပစ်ချခဲ့ နွေဦးမှာ
ပြန်မလာသော ပဲ့တင်တို့အတွက်
ငါ့လက်မှတ်က အနှစ်သုံးဆယ်။ ။

လူငြိမ်းခိုင်
၂၄၊ဇွန်၊ ၁၉၉၈။သံတွဲ။

Rangonnewsdaily
RND:  :25.5.2013

No comments:

Post a Comment