Pages

Pages - Menu

Monday, May 27, 2013

ရခိုင်ပြည်နယ် နှစ်မြို့နယ်မှာ မွေးဖွားနှုန်း သတ်မှတ်တာကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ

ရခိုင်ပြည်နယ် နှစ်မြို့နယ်မှာ  မွေးဖွားနှုန်း သတ်မှတ်တာကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
 
ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေအနေနဲ့   မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့  ရခိုင်ပြည်နယ်အစိုးရက ကန့်သတ်လိုက်တာဟာ  ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့်ထုတ်ပြန်ချက်ကို  ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ 
 
အင်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး တက်ရောက်လာရင်း သတင်းထောက်တွေ နဲ့ တွေ့ဆုံပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က  အခုလို ခွဲခြားဆက်ဆံမှုမျိုးထားရှိတာဟာ မသင့်လျော်ကြောင်း၊ ဒါဟာလူ့အခွင့်အရေး ကျင့်ထုံးနဲ့လည်း ကိုက်ညီမှုမရှိကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒီမူဝါဒကို ကျင့်သုံးနေပြီလားဆိုတာ လောလောဆယ်မှာ သူ့အနေနဲ့ အတည်မပြု မပြောနိုင်သေးဘူးလို့လဲ ဆိုပါတယ်။  

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ်အတွင်း အဲဒီမြို့ နယ် ၂ ခုမှာ တစ်လင်တစ်မယားစံနစ် ပွားများလာဖို့ရည်ရွယ်ကြောင်း။ အရင်တုန်းက ဒေသတွင်းရှိ လူမျိုးစုတွေ ပြဿနာကြီးထွားလာမှာစိုးရိမ်ပြီး အကောင်အထည်မဖေါ်ပဲ ဆိုင်းငံ့ထားတာဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမွတ်ဆလင်ဘာသာဝင်အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေ
အနေနဲ့ မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ကန့်သတ်လိုက်
တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့်ထုတ်ပြန်ချက်ကို ကန့်
ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အင်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး တက်ရောက်လာရင်း သတင်းထောက်
တွေ နဲ့ တွေ့ဆုံပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ခွဲခြားဆက်ဆံမှုမျိုးထားရှိတာဟာ မသင့်
လျော်ကြောင်း၊ ဒါဟာလူ့အခွင့်အရေး ကျင့်ထုံးနဲ့လည်း ကိုက်ညီမှုမရှိကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အ
စိုးရအနေနဲ့ ဒီမူဝါဒကိုကျင့်သုံးနေပြီလားဆိုတာ လောလောဆယ်မှာသူ့အနေနဲ့ အတည်မပြု မပြောနိုင်သေး
ဘူးလို့လဲ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ်အတွင်း အဲဒီမြို့ နယ် ၂ ခုမှာ တစ်လင်
တစ်မယားစံနစ် ပွားများလာဖို့ရည်ရွယ်ကြောင်း။ အရင်တုန်းက ဒေသတွင်းရှိ လူမျိုးစုတွေ ပြဿနာကြီးထွား
လာမှာစိုးရိမ်ပြီး အကောင်အထည်မဖေါ်ပဲ ဆိုင်းငံ့ထားတာဖြစ်ကြောင်း ပြောပါတယ်။
 
RFA (Burmese) , Rangonnewsdaily
RND:  :27.5.2013

No comments:

Post a Comment