Pages

Pages - Menu

Tuesday, May 7, 2013

ိကမ္ဘာ့စာအုပ်များနေ့  အထိမ်းအမှတ်အစီအစဉ်များ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပမည်

ကမ္ဘာ့စာအုပ်များနေ့  အထိမ်းအမှတ်အစီအစဉ်များ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် 14.5.2013 ရက်
နေ့ ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်တွင် ကလေးများအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ပုံပြင်ပြောပြခြင်းနှင့် စာပေဟောပြောပွဲတို့ ပါဝင်မည် ဖြစ်ပြီး စာပေကို နှစ်သက်မြတ်နိုးသူများ အားလုံး တက်
ရောက်သင့်တဲ့ အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။
ဆေးရောင်ခြယ် ပြိုင်ပွဲကို နံနက်၁၀နာရီမှ စတင်ကာ အသက် ၅နှစ်မှ ၁၁ နှစ်အထိကလေးများ ပါဝင်ယှဉ်ပြို
င်နိုင်ပါသည်။ ကလေးများအတွက် ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်ရန် ပုံများကို စာကြည့်တိုက်မှ ပြင်ဆင်
ထားပေးမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်ကလေးများအနေဖြင့်မိမိ နှစ်သက်ရာ ရောင်စုံခဲတံများလည်း ယူဆောင်လာနိုင်
ပါသည်။

 ပြိုင်ပွဲဝင်ကလေးများကို အသက်အလိုက် အဖွဲ့ သုံးဖွဲ့ ခွဲ၍ ယှဉ်ပြိုင်စေမည် ဖြစ်ပြီး တစ်ဖွဲ့ ခြင်းစီမှ အကောင်း
ဆုံး ဆေးခြယ်နိုင်သူ(၅)ဦးကို ဆုချီးမြှင့်သွားမည် ဖြစ်ပါသည်။အကောင်းဆုံးလက်ရာများကို ဗြိတိသျှကောင်
စီစာကြည့်တိုက်တွင် ပြသထားပါမည်။ ပြိုင်ပွဲအပြီးတွင်ကလေးများကိုပုံပြင်များပြောပြမည့် အစီအစဉ် ရှိပြီး
ကလးများကို လက်ဆောင်ပစ္စည်းများလည်း ပေးမည်ဖြစ်ပါသည်။

ညနေ (၅နာရီခွဲ)တွင် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ရာ ဆရာကျော်ဝင်းနှင့် ဆရာအောင်သိန်းကျော် (အေတီကေ(ခ)ဆူဒိုနင်(ခ)အတ္တကျော်) တို့ မှ ဟောပြောမည်ဖြစ်သည်။ တက်ရောက်လိုသူများသည် 13.5.2013 ရက်နေ့ နောက်ဆုံးထားပြီး ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် စာရင်းပေးသွင်း နိုင်ပါသည်။ 

တယ်လီဖုန်း၊ အီးမေးလ်တို့ ဖြင့်လည်း စာရင်း ပေးသွင်းနိုင်ပါသည်။ ဆက်သွယ်ရန် ဖုန်း-01-254658၊ 01-25
6290၊ 01-256291 လိုင်းခွဲ(3316) နှင့် အီးမေးလ်- library.enquiries@mm.britishcouncil.org တွင် စာရင်းပေး
သွင်းနိုင်ပါသည်။ အသင်းဝင်မဟုတ်သူများအနေဖြင့် ကျောင်ားးကဒ် (သို့ ) မှတ်ပုံတင် ယူဆောင်လာရန် လို
အပ်ပါသည်။

British Concil Myanmar , Rangonnewsdaily
RND:  :6.5.2013 

No comments:

Post a Comment