Pages

Pages - Menu

Monday, May 27, 2013

ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက်နေသော ရခိုင်မှ ဒုတိယနှစ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံး

Photo: ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက်နေသော ရခိုင်မှ ဒုတိယနှစ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံး

မေလ ၂၆ ရက် ၂၀၁၃

ပြင်ဦးလွှင်မြို့ ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက် သင်ကြားနေသော ရခိုင်မှ ကျောင်းသား တစ်ဦးသည် နောင်ချို အင်ဝိုင်း ရေတံခွန်တွင် ယမန်နေ့က ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ သံတွဲမြို့မှ University of Technology ( Yatanarpon Cyber City)  တွင် တက်ရောက် သင်ကြားနေသော ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုဇင်မင်းဦး ဖြစ်သည်။

အခြား ကျောင်းသား ၂၀ ဦးခန့်နှင့် အတူ နောင်ချို့မြို့နယ် အင်ဝိုင်း ရေတံခွန်သို့ သွားရောက် လည်ပတ်စဉ် အဆိုပါ ရေတံခွန် ရေနစ်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ ယမန်နေ့ နေ့လည် တစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သူ၏ အလောင်းအား ယမန်နေ့  ညနေ ၄ နာရီခန့်တွင် ပြန်လည် ရရှိခဲ့သည်ဟု ဆိုသည်။

သူ့အား မနက်ဖြန် တနင်္လာနေ့တွင် ပြင်ဦးလွှင်တွင် သဂြိုလ်မည်ဟု သတင်း ရရှိသည်။

Narinjara

ပြင်ဦးလွှင်မြို့ ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက် သင်ကြားနေသော ရခိုင်မှ ကျောင်းသား တစ်ဦးသည် နောင်ချို အင်ဝိုင်း ရေတံခွန်တွင် ယမန်နေ့က ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။ သေဆုံးသွားသူမှာ သံတွဲမြို့မှ University of Technology ( Yatanarpon Cyber City) တွင် တက်ရောက် သင်ကြားနေသော ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုဇင်မင်းဦး ဖြစ်သည်။

အခြား ကျောင်းသား ၂၀ ဦးခန့်နှင့် အတူ နောင်ချို့မြို့နယ် အင်ဝိုင်း ရေတံခွန်သို့ သွားရောက် လည်ပတ်စဉ် အဆိုပါ ရေတံခွန် ရေနစ်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ ယမန်နေ့ နေ့လည် တစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သူ၏ အလောင်းအား ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ပြန်လည် ရရှိခဲ့သည်ဟု ဆိုသည်။

သူ့အား ယနေ့တနင်္လာနေ့တွင် ပြင်ဦးလွှင်တွင် သဂြိုလ်မည်ဟု သတင်း ရရှိသည်။

Narinjara Media, Rangonnewsdaily
RND:  :27.5.2013

No comments:

Post a Comment