Pages

Pages - Menu

Tuesday, May 7, 2013

မင်းကိုနိုင် ဦးဆောင်သောအဖွဲ့ ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဟိုပန်ခရီးစဉ်ဖျက်သိမ်းခဲ့ရ

မင်းကိုနိုင် ဦးဆောင်သောအဖွဲ့ ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဟိုပန်ခရီးစဉ်ဖျက်သိမ်းခဲ့
Tuesday, May 7, 2013
%%%%%%%%%%%%%%%%%%%

မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ခရီးစဉ်အဖြစ် လားရှိုးမြို့မှ ဟိုပန်မြို့သို့ သွားရောက်ရန် စီစဉ်ထားရာ ဟိုပန်မြို့တွင် ၎င်းတို့အား ကန့်ကွက်ဆန္ဒပြမည့် လူဦးရေ ၈၀၀ ခန့် ဆောင့်ဆိုင်းနေသဖြင့် ယနေ့ ၁၂ နာရီအချိန်ခန့်တွင် သိန်းနီမြို့မှ လားရှိုးမြို့သို့ ပြန်လည်လှည့်ပြန်သွားကြောင်း သတင်းရရှိသည်။
ဟိုပန်မြို့တွင် မင်းကိုနိုင်နှင့်အဖွဲ့အား ဆန္ဒပြသည့်အဖွဲ့အား ဦးဆောင်သူမှာ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုအောင်စိုးမင်း ဦးစီးဒေသခံ ၈၀၀ နီးခန့်ရှိကြောင်း သိရှိရသည်။ 

ကျွန်တော်တို့ မင်းကိုနိုင်ကို ဆန္ဒပြမဲ့အဖွဲ့တွေ ရပ်ရွာလူထု ၈၀၀ လောက် မနက် ၁၀ နာရီကတည်းက ဟိုပန်မြို့အ၀င် ဖောင်ဆိပ်တံတားမှာ စောင့်နေပါတယ်။ ၈၈ အဖွဲ့လာခဲ့ရင်လဲ ဟိုပန်မြို့ကို ဆက်သွားခွင့်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့စောင့်ပြီး ဆန္ဒပြနေတာကြားလို့ မင်းကိုနိုင် သိန်းနီမြို့ကနေ လှည့်ပြန်သွားပါတယ်ဟု ဆန္ဒပြအဖွဲ့အား ခေါင်းဆောင်သူ ကိုအောင်စိုးမင်းမှ ပြောကြားသည်။

ဟိုပန်ဒေသခံများ မင်းကိုနိုင် ဦးစီးလာသည့် ၈၈ ကျောင်းသားအဖွဲ့အား ဆန္ဒပြရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ကိုအောင်စိုးမင်းက ကျွန်တော်လဲ ၈၈ ကျောင်းသားတစ်ယောက်ပါ။ ၈၈ မတ် ၁၂/၁၃ တုံးက စက်မှုကျောင်းသားတွေ ဆန္ဒပြခဲ့တဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အင်းစိန်မှာ ကိုဌေးကြွယ်နဲ့အတူ ချုပ်နှောင်ခံခဲ့ရပါတယ်။ ဒါပေမယ့် မင်းကိုယ်နိုင်တို့အဖွဲ့ဟာ ပြည်သူအတွက် အဓိကမထားဘဲ သူတို့ နာမည်ရရှိရေး၊ ပြည်ပအထောက်အပံ့ရရှိရေးကိုဘဲ ဦးစားပေးလုပ်နေတယ်။ အခု ဟိုပန်သို့လာတယ်ဆိုတာလဲ ဒေသအတွက် လာတာမဟုတ်ဘဲ ၎င်းတို့ နာမည်ရဖို့ ဟိုပန်ကို အသုံးချဖို့ လာတာဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ဆန္ဒပြရတာပါဟု ပြောဆိုသွားပါသည်။

ရှမ်းလေး
ဟိုပန်
________________________________
Inlay Media ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

Tuesday, May 7, 2013
မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့ခရီးစဉ်အဖြစ်လားရှိုးမြို့မှဟိုပန်
မြို့သို့သွားရောက်ရန်စီစဉ်ထားရာဟိုပန်မြို့တွငf၎င်းတို့အားကန့်ကွက်ဆန္ဒပြမည့် လူဦးရေ ၈၀၀ ခန့်ဆောင့်
ဆိုင်းနေသဖြင့် ယနေ့ ၁၂ နာရီအချိန်ခန့်တွင် သိန်းနီမြို့မှ လားရှိုးမြို့သို့ ပြန်လည်လှည့်ပြန်သွားကြောင်း သ
တင်းရရှိသည်။
ဟိုပန်မြို့တွင် မင်းကိုနိုင်နှင့်အဖွဲ့အား ဆန္ဒပြသည့်အဖွဲ့အား ဦးဆောင်သူမှာ ၈၈ မျိုးဆက် ကျောင်းသား
ဟောင်း ကိုအောင်စိုးမင်း ဦးစီးဒေသခံ ၈၀၀ နီးခန့်ရှိကြောင်း သိရှိရသည်။

ကျွန်တော်တို့ မင်းကိုနိုင်ကို ဆန္ဒပြမဲ့အဖွဲ့တွေ ရပ်ရွာလူထု ၈၀၀ လောက် မနက် ၁၀ နာရီကတည်းက ဟိုပန်
မြို့အ၀င် ဖောင်ဆိပ်တံတားမှာ စောင့်နေပါတယ်။ ၈၈ အဖွဲ့လာခဲ့ရင်လဲ ဟိုပန်မြို့ကိုဆက်သွားခွင့်ပေးမှာ
မဟုတ်ပါဘူး။ကျွန်တော်တို့စောင့်ပြီးဆန္ဒပြနေတာကြားလို့မင်းကိုနိုင် သိန်းနီမြို့ကနေ လှည့်ပြန်သွားပါတယ်
ဟု ဆန္ဒပြအဖွဲ့အား ခေါင်းဆောင်သူ ကိုအောင်စိုးမင်းမှ ပြောကြားသည်။

ဟိုပန်ဒေသခံများ မင်းကိုနိုင် ဦးစီးလာသည့် ၈၈ ကျောင်းသားအဖွဲ့အား ဆန္ဒပြရသည့် အကြောင်းအရင်းနှင့်
ပတ်သက်၍ကိုအောင်စိုးမင်းကကျွန်တော်လဲ၈၈ ကျောင်းသားတစ်ယောက်ပါ။ ၈၈ မတ် ၁၂/၁၃ တုံးက စက်
မှုကျောင်းသားတွေ ဆန္ဒပြခဲ့တဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အင်းစိန်မှာ ကိုဌေးကြွယ်နဲ့အတူ ချုပ်နှောင်ခံခဲ့ရပါ
တယ်။ 
ဒါပေမယ့်မင်းကိုယ်နိုင်တို့အဖွဲ့ဟာ ပြည်သူအတွက် အဓိကမထားဘဲသူတို့နာမည်ရရှိရေး၊ ပြည်ပအထောက်
အပံ့ရရှိရေးကိုဘဲ ဦးစားပေးလုပ်နေတယ်။ အခု ဟိုပန်သို့လာတယ်ဆိုတာလဲ ဒေသအတွက် လာတာမဟုတ်
ဘဲ ၎င်းတို့ နာမည်ရဖို့ ဟိုပန်ကို အသုံးချဖို့ လာတာဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ဆန္ဒပြရတာပါဟု ပြော
ဆိုသွားပါသည်။

ရှမ်းလေးဟိုပန်
Inlay Media  , Rangonnewsdaily
RND:  :7.5.2013

No comments:

Post a Comment