ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြားတိုက်ပွဲဖြစ်ပွားပြီး
တဲ့နောက်
ဒီကေဘီအေတပ်ဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းနယ်မြေကနေဒီလ၄ ရက်မွန်းတည့် နောက်
ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က
အမိန့်ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစန်း
အောင်က ပြောပါတယ်။ ဒီကေဘီအေဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ကရင်
လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေရဲဘော် ၁ ဦးရဲ့ကျည်သင့်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရတဲ့
လွန်ခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေရဲဘော် ၁ ဦးရဲ့ကျည်သင့်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရတဲ့
အတွက် ဒီကေဘီအေကို ၂၇ ရက်နေ့ကနေ
တိုက်ခိုက်ရာက တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဒီကေဘီအေက နယ်
ခြားစောင့်တပ်က
ဗိုလ်ချစ်သူနဲ့ ညှိပြီး မြိုင်ကြီးငူကနေ ခွာပေးခဲ့ပါတယ်။ ဒါပေမယ့်
ဒီကေဘီအေထံက သိမ်း
ထားတဲ့ သေနတ်တွေကိုတော့ ပြန်တောင်းရာမှာ မပေးဘဲ
နယ်ကနေဖယ်ခိုင်းတာလို့ ဆိုပါတယ်။
လက်နက်ပြန်ရဖို့ စောင့်ဆိုင်းနေတုန်း ဒီနေ့ သူတို့ကို နယ်ထဲကနေ ထွက်ခွာပေးရမယ်လို့ ရာဇသံပေးလာ
လက်နက်ပြန်ရဖို့ စောင့်ဆိုင်းနေတုန်း ဒီနေ့ သူတို့ကို နယ်ထဲကနေ ထွက်ခွာပေးရမယ်လို့ ရာဇသံပေးလာ
တာဟာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို
ပျက်ပြားထိခိုက်နိုင်တယ်လို့ ဗိုလ်မှူးစန်းအောင်က
ပြောပါတယ်၊
“တိုက်ပွဲအကြောင်းကိစ္စက ဟတ်ကြီး ရေကာတာကို သူတို့က ရေအားလျှပ်စစ်ထုတ်မယ်။ ဒါကြောင့် အဲဒေသ
“တိုက်ပွဲအကြောင်းကိစ္စက ဟတ်ကြီး ရေကာတာကို သူတို့က ရေအားလျှပ်စစ်ထုတ်မယ်။ ဒါကြောင့် အဲဒေသ
ကခွာပေးဖို့၊ဗိုလ်မှူးထွန်းထွန်းဝင်းပေးတဲ့ရက်ကတော့ မေလ ၂
ရက်နေ့ ကနေ ၄ ရက်နေ့၁၂ နာရီမှာဆုတ်ခွာ
ပေးဖို့။ ဆုတ်ခွာခိုင်းတဲ့ဒေသကမယ်ပ၊မယ်ကစောဘက်ကို။ဒီလိုရာဇသံပေးတာဟာ အတင်းအဓမ္မခွာခိုင်းရင်
အပစ်အခတ်ရပ်စဲထားတာကို ထိခိုက်နိုင်တယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့
ပြည်ထောင်စုဝန်ကြီး
တွေကို အသိပေးချင်တယ်။”
သူတို့အနေနဲ့ကတော့ ရာဇသံပေးတဲ့အတိုင်း ဖယ်ပေးနိုင်မှာ မဟုတ်တာကြောင့် အပစ်အခတ်ရပ်စဲရေး ထိ
သူတို့အနေနဲ့ကတော့ ရာဇသံပေးတဲ့အတိုင်း ဖယ်ပေးနိုင်မှာ မဟုတ်တာကြောင့် အပစ်အခတ်ရပ်စဲရေး ထိ
ခိုက်နိုင်တဲ့အကြောင်း ဒီကေဘီအေက ပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြား
ပြီးခဲ့တဲ့ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြား
စောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ ဒီကေဘီအေဂိတ်က
တပ်သားတဦးက ဟန့်တားခဲ့ပါတယ်။ နယ်ခြားစောင့်တပ်က ရပ်မပေးတဲ့အတွက်
အဲဒီတပ်သားက သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သား
တဦး သေဆုံးခဲ့ပါတယ်။
အဲဒီကစပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း လူအင်အား ၁၀၀ ကျော်က မြိုင်
ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း လူအင်အား ၁၀၀ ကျော်က မြိုင်
ကြီးငူဒေသ ကျီးဘုရား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ဒီကေဘီအေ အင်အား
၃၀ ကျော်ကို ၀ိုင်းထားပြီး အဲဒီည တညလုံးနဲ့ ၂၈ ရက်နေ့ မနက်ပိုင်းမှာရော၊
ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်မှုတွေ
ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ် ပစ်ခတ်မှုမှာ အရပ်သား၂ ယောက်ကိုလက်နက်ကြီးစ ထိမှန်
ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ် ပစ်ခတ်မှုမှာ အရပ်သား၂ ယောက်ကိုလက်နက်ကြီးစ ထိမှန်
ခဲ့ပြီး အခုဆိုရင် မြိုင်ကြီးငူမှာ ရွာသားတွေ
မနေရဲကြတော့ဘဲ ကမမောင်းနဲ့ အုန်းတောရွာဘက်ကို
ထွက်ပြေး
တိမ်းရှောင်သွားကြတယ်။ မြိုင်ကြီးငူတ၀ိုက် ကုန်းကြောင်းရော
ရေကြောင်းပါ အသွားအလာတွေလည်း ရပ်
ထားတယ်လို့ ဆိုပါတယ်။
DVB , Rangonnewsdaily
RND: :3.5.2013
DVB , Rangonnewsdaily
RND: :3.5.2013
No comments:
Post a Comment