Pages

Pages - Menu

Tuesday, May 21, 2013

အများပြည်သူသို့ ချပြခြင်းမရှိဘဲ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း အပြီးသတ်စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိ

 ကျောက်ဖြူမှ မူဆယ်အထိ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းပြမြေပုံ
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တရုတ်နိုင်
ငံသို့ ပို့လွှတ်ရန် အဆင်သင့်နီးပါး ဖြစ်ချိန်၌ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း စတင်ရန်အတွက် အ
များပြည်သူသို့ ချပြခြင်းမရှိဘဲ အပြီးသတ် စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများမှ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိကာလ၌ အဆို
ပါ မီးရထားလမ်း စီမံကိန်းအတွက် Memorandum of Agreement ကို မကြာမီ ရေးထိုးရန် စီစဉ်နေကြောင်း၊ စီမံ
ကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန်မှု မရှိသေးကြောင်းလည်းသိ
ရသည်။

''မနေ့(မေ၁၉)က တရုတ်သံအမတ်ကြီး မစ္စတာယန်ဟို့လျန် မဒေးကျွန်းကိုလာပြီး ကျွန်တော်တို့ ဒေသခံတွေ
နဲ့ တွေ့သွားတယ်။ ဘာလာလုပ်လဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က မဒေးကျွန်းမှာ ရ
ထားလမ်း၊ ကားလမ်းစီမံကိန်းတွေ ရှိနေတယ်ဆိုတာ ဟုတ်လားလို့ တရုတ်သံအမတ်ကိုမေးတော့ ဝေ့လည်
ကြောင်ပတ် လုပ်နေတယ်။ သူမသိပါဘူးတဲ့။ ရထားလမ်းစီမံကိန်း ရှိမရှိနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ကျွန်တော်တို့ကို တရားဝင် ထုတ်ဖော်ပြောသွားတာ မရှိပါဘူး။ ကျောက် ဖြူ-မူဆယ် မီးရထား
လမ်း စီမံကိန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ ဒေသခံတွေဘာမှမသိရပါဘူး' ဟုလည်း ကျောက်ဖြူမြို့မှ ကိုထွန်း
ကြည်က ပြောပြသည်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍လည်း စီမံကိန်း မစတင်မီက
ဒေသခံမျာမသိရှိဘဲလုပ်ငန်းစတင်ခါမှသာသိရှိခဲ့ရကြောင်း၊လက်ရှိအပြီးသတ်စာချုပ်ချုပ်တော့မည့်ကျောက်
ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိ
ကြောင်း၊ ရထားလမ်း၊ ကားလမ်းသာမက ပွင့်လင်းမြင်သာမှုမရှိ၊ ဒေသခံများသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိ
သည့် မည့်သည့်စီမံကိန်းကိုမဆို ဒေသခံများ အနေဖြင့် လက်မခံကြောင်းလည်း ကျောက်ဖြူဒေသခံများက ဆိုပါသည်။

''ဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှုတွေက ပြီးသလောက်ရှိနေပြီ။ ဂက်စ်ပိုက်
လိုင်း စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံတွေ ခံစားနေရပေမယ့် အာဏာပိုင်တွေနဲ့ သက်
ဆိုင်ရာ ကုမ္ပဏီတွေက ဆက်လုပ်ခဲ့တာပဲ။ ဒေသခံတွေက မကျေနပ်လို့ ဆန္ဒဖော်ထုတ်တော့ ဒေသခံကို တ
ရားစွဲတယ်။ ဒီအချိန်အထိ အဲဒါတွေ ရှိနေသေးတယ်။ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပါလို့ ပါး
စပ်က ပြောနေပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်ကြသေးဘူး။ ရခိုင်ပြည်နယ်ကိုလာတဲ့ invest
ment တွေကို ရခိုင်သူ တစ်ယောက်အနေနဲ့ ကျွန်မတို့ ကြိုဆိုပါတယ်။ 

ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးရှိတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ အခုတော့ လူတစ်
စုကသာ အကျိုးခံစားရပြီး ဒေသခံတွေက မခံစားရဘူး။ နောက်ဆက်တွဲ ပြဿနာတွေကိုသာ ရင်ဆိုင်နေရ
တယ်။ပိုက်လိုင်းစီမံကိန်းကြောင့် ဒေသခံတွေရဲ့နစ်နာမှုကိုတောင်မဖြေရှင်းနိုင်သေးဘဲရထားလမ်း စီမံကိန်း
လုပ်မယ်ဆိုရင် မဖြစ်သင့်ဘူး။ အခု စီမံကိန်းကို ဆုံးဖြတ်ချက်ပေးမယ့် သူတွေအနေနဲ့ ဒေသခံတွေ ပူးပေါင်း
ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်'' ဟု မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဒေါ်စနိုးက ပြော
ကြားသည်။

အဆိုပါမီးရထားလမ်းစီမံကိန်းသည်စုစုပေါင်းအရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ
၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊မကွေး၊မန္တလေး၊လားရှိုး နှင့်မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွား
မည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ဘူတာရုံ၇၉ ခု၊တံတား၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်
မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရာနှုန်း
ပြည့်ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

Eleven Media ,  Rangonnewsdaily
RND:  :21.5.2013




No comments:

Post a Comment