Pages

Pages - Menu

Friday, May 31, 2013

လာရှိုး မိဘမဲ့ဂေဟာမှ ကလေးများ ပျောက်ဆုံးနေ

လားရှိုးမြို့တွင်မကြာမီက ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်းမီးရှို့ဖျက်ဆီးခံခဲ့ရသည့်မိဘမဲ့ဂေဟာကျောင်း
မှ ကလေး သူငယ် ၁၀၀ ဦးကျော် ပျောက်ဆုံးနေလျှက်ရှိသည်။ အဆိုပါ ဂေဟာတွင် အရေးအခင်းမဖြစ်ပွားမီ မှတ်ပုံတင်စာရင်းအရ မွတ်စ်လင်မ်ကျောင်းသား ကလေးသူငယ် ၂၁၇ ဦးရှိသည့်အနက် ယာယီဒုက္ခသည်စ
ခန်းများသို့ ရောက်ရှိလာသော ကလေးသူငယ် ၅၁ ဦးသာရှိပြီး ကျန် ၅၀ ဦးမှာ ဆွေမျိုးသား ချင်းများထံ ပြန်
လည်ရောက် ရှိသွားကြသည်။
အဆိုပါ မိဘမဲ့ဂေဟာမှာ အရေးအခင်းစတင်ဖြစ်ပွားသည့် မေလ ၂၈ ရက်နေ့ညဦးပိုင်းတွင် ဗလီတစ်လုံး၊ အ
ခြားလူနေဆိုင်ခန်းများနှင့်အတူ မီးရှို့ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော ကလေးသူငယ်များမှာ တစ်နေရာရာတွင် ပုန်းအောင်းနေ သည်ဟု ယူဆရပြီး တာဝန်ရှိ

သူများနှင့် လူသား ချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှ ထိုကိစ္စကို ဦးစားပေးဆောင်ရွက်ရန် ပြင်ဆင်နေ
သည်ဟု သိရသည်။

မြန်မာခရိုနီကယ် , Rangonnewsdaily
RND:  :31.5.2013

No comments:

Post a Comment