နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီးတွင် ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ နောက်သို့ပြန်တတ်နေ
နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော်
၆ဖာလုံနားမှာ ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊
သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့
ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့
ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ
လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။နေပြည်တော်-တပ်ကုန်း
အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက
ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သြဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို မေလ ၂၄
ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ
ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
အဲဒီ့လို ဆွဲငင်အား
ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့
အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။ (ဒီဗွီဘီ)
(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား)
Rangonnewsdaily
RND: :26.5.2013
No comments:
Post a Comment