Pages

Pages - Menu

Monday, May 6, 2013

တရုတ် နိုင်ငံတွင် ကြွက်သတ်ဆေးရည် ထည့်ထားသော ဒိန်ချဉ်သောက်သုံး မိသဖြင့် ကလေးငယ် နှစ်ဦးသေဆုံး

တရုတ်နိုင်ငံ မြောက်ပိုင်း ဟေပေး ပြည်နယ်မှ မိန်းကလေးငယ် နှစ်ဦးသည် ၎င်းတို့၏ အဘွားဖြစ်သူ လမ်းပေါ်မှ ကောက်ယူလာသော ကြွက်သတ်ဆေးရည် ထည့်ထားသည့် ဒိန်ချဉ်အား သောက်သုံးပြီးနောက် သေဆုံး ခဲ့သည်ဟု အစိုးရပိုင် သတင်းဌာန တစ်ခုက ထုတ်ပြန် ကြေညာခဲ့သည်။ သေဆုံးသည့် ကလေးငယ် နှစ်ဦးအနက် တစ်ဦးသည် ဆေးရုံသို့ မရောက်မီ သေဆုံးခဲ့ပြီး အခြား တစ်ဦးသည် မေ ၁ ရက်တွင် သေဆုံး ခဲ့သည်ဟု သိရသည်။

ကနဦး စုံစမ်း စစ်ဆေးချက် အရ ယင်းဒေသမှ မူကြိုကျောင်း ပိုင်ရှင် အမျိုးသမီး တစ်ဦးသည် ပြိုင်ဘက် မူကြိုကျောင်းမှ ကျောင်းသားများ အတွက် ရည်ရွယ်ပြီး ပြိုင်ဘက်ကျောင်း ကို အယုံအကြည် ကင်းမဲ့စေရန်အ တွက် အဆိုပါ ကြွက်သတ်ဆေးရည် ထည့်ထားသော ဒိန်ချဉ်ကို မှတ်စု စာအုပ်များနှင့် အတူ လမ်းဘေး၌ ချထားရန် အမျိုးသား တစ်ဦး အား စေခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာန တစ်ခုက ဖော်ပြခဲ့သည်။

ကျေးလက်ဒေသ များရှိ ကလေးငယ် များ၏ မိဘများသည် အလုပ်ရှာဖွေ လုပ်ကိုင်ရန် မြို့များသို့ ပြောင်းေ
ရွှ့သွား သဖြင့် ၎င်းတို့၏ ဘိုးဘွားများ ကသာ ကလေးငယ် များအား ထိန်းသိမ်းစောင့်ရှောက် ရသည်ဟု သိရသည်။
:မြ၀တီ , Rangonnewsdaily
RND:  :6.5.2013

No comments:

Post a Comment