Pages

Pages - Menu

Friday, May 17, 2013

ကေတီဟုမ်းလ်နှင့် လုခ်ကာဘီတို့ကြား ရင်းနှီးမှုပိုလာကြောင်း သတင်းထွက်

ကေတီဟုမ်းလ်နှင့် လုခ်ကာဘီတို့ကြား ရင်းနှီးမှုပိုလာကြောင်း သတင်းထွက်
Friday, May 17, 2013

တွမ်ခရုစ်နှင့် ကွာရှင်း ပြတ်စဲခဲ့ပြီးနောက် လွတ်လပ်သူအဖြစ် ရှိနေသော ကေတီသည် လတ်တလောတွင် Mania Days ဇာတ်ကားကို ရိုက်ကူးနေရင်း မင်းသား လုခ်ကာဘီနှင့် ပိုမို ရင်းနှီးလာနေကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ဆိုသည် 

ဟောလီးဝုဒ် မင်းသမီး ကေတီဟုမ်းလ် အနေဖြင့် သူမနှင့် တွဲဖက် သရုပ်ဆောင်နေသော မင်းသား တစ်လက်နှင့် အလွန် နီးနီးစပ်စပ် ဖြစ်နေကြာင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ တွမ်ခရုစ်နှင့် ကွာရှင်း ပြတ်စဲခဲ့ပြီးနောက် လွတ်လပ်သူအဖြစ် ရှိနေသော ကေတီသည် လတ်တလောတွင် Mania Days ဇာတ်ကားကို ရိုက်ကူးနေရင်း မင်းသား လုခ်ကာဘီနှင့် ပိုမို ရင်းနှီးလာနေကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ဆိုသည်။ သူမသည် အဆိုပါ ဇာတ်ကားတွင် အလွန်အမင်း စိတ်ဓာတ်ကျလွယ်သည့် ကဗျာဆရာမ တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ ထို့နောက်တွင်မူ စိတ်ဓာတ်ကျလွယ်သည့် Rapဂီတ အဆိုတော် တစ်ဦးနှင့်အတူ ကိုယ်ဝန်ရလာသည့် ဇာတ်ကြောင်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

ကေတီနှင့် လုခ်တို့သည် ရိုက်ကွင်းနားချိန်တွင် လက်ချင်း ဆုပ်ကိုင်ထားသည်ကိုလည်း အချို့က တွေ့မြင်ခဲ့သည်။ ယင်းတို့ နှစ်ဦးသည် နယူးယော့ခ်ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခု၏ အပြင်ဘက်တွင် ရုပ်ရှင်ရိုက်ခဲ့ပြီး ရိုက်ကွင်းနားချိန်တွင် ကေတီသည် လုခ်နှင့် ပျော်ရွှင်စွာ ရယ်မော စကားပြောနေခဲ့ကြသည်။ ယင်းဇာတ်ကားကို (၂၀၁၄)ခုနှစ်တွင် ရုံတင်ရန် စီစဉ်ထားသည်။ Mania Daysသည် တွမ်နှင့် အပြီးသတ် ကွာရှင်းပြီးနောက် ကေတီ ပါဝင်သရုပ်ဆောင်သည့် ဒုတိယမြောက် ဇာတ်ကားလည်း ဖြစ်သည်။ ယခုရိုက်ကွင်း တည်ရှိခဲ့သော နေရာသည် ကေတီနှင့် တွမ်တို့ အိမ်ထောင်ရေး ဘဝတွင် နေထိုင်ခဲ့သော နေရာနှင့် အတန်ငယ်မျှသာ ကွာဝေးခဲ့ကြောင်းလည်း သိရှိရသည်။ 

Planet.com.mm

Friday, May 17, 2013

တွမ်ခရုစ်နှင့် ကွာရှင်း ပြတ်စဲခဲ့ပြီးနောက် လွတ်လပ်သူအဖြစ် ရှိနေသော ကေတီသည် လတ်တလောတွင် Mania Days ဇာတ်ကားကို ရိုက်ကူးနေရင်း မင်းသား လုခ်ကာဘီနှင့် ပိုမို ရင်းနှီးလာနေကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ဆိုသည် ။ ဟောလီးဝုဒ် မင်းသမီး ကေတီဟုမ်းလ် အနေဖြင့် သူမနှင့် တွဲဖက် သရုပ်ဆောင်နေသောမင်းသားတစ်လက်
နှင့် အလွန် နီးနီးစပ်စပ် ဖြစ်နေကြာင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ တွမ်ခရုစ်နှင့် ကွာရှင်း ပြတ်စဲခဲ့ပြီး
နောက် လွတ်လပ်သူအဖြစ် ရှိနေသော ကေတီသည် လတ်တလောတွင် Mania Days ဇာတ်ကားကို ရိုက်ကူး
နေရင်း မင်းသားလုခ်ကာဘီနှင့်ပိုမို ရင်းနှီးလာနေကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ဆိုသည်။ သူမသည် အဆိုပါ ဇာတ်ကားတွင် အလွန်အမင်း စိတ်ဓာတ်ကျလွယ်သည့် ကဗျာဆရာမ တစ်ဦးအဖြစ် သရုပ်ဆောင်
ထားသည်။ ထို့နောက်တွင်မူ စိတ်ဓာတ်ကျလွယ်သည့် Rapဂီတ အဆိုတော် တစ်ဦးနှင့်အတူ ကိုယ်ဝန်ရလာ
သည့် ဇာတ်ကြောင်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

ကေတီနှင့် လုခ်တို့သည် ရိုက်ကွင်းနားချိန်တွင် လက်ချင်း ဆုပ်ကိုင်ထားသည်ကိုလည်း အချို့က တွေ့မြင်ခဲ့
သည်။ ယင်းတို့ နှစ်ဦးသည် နယူးယော့ခ်ရှိ ခရစ်ယာန် ဘုရားကျောင်း တစ်ခု၏ အပြင်ဘက်တွင် ရုပ်ရှင်ရိုက်
ခဲ့ပြီး ရိုက်ကွင်းနားချိန်တွင် ကေတီသည် လုခ်နှင့် ပျော်ရွှင်စွာ ရယ်မော စကားပြောနေခဲ့ကြသည်။ 
 
ယင်းဇာတ်ကားကို (၂၀၁၄)ခုနှစ်တွင် ရုံတင်ရန် စီစဉ်ထားသည်။ Mania Daysသည် တွမ်နှင့် အပြီးသတ် ကွာ
ရှင်းပြီးနောက် ကေတီ ပါဝင်သရုပ်ဆောင်သည့် ဒုတိယမြောက် ဇာတ်ကားလည်း ဖြစ်သည်။ ယခုရိုက်ကွင်း တည်ရှိခဲ့သော နေရာသည် ကေတီနှင့် တွမ်တို့ အိမ်ထောင်ရေး ဘဝတွင် နေထိုင်ခဲ့သော နေရာနှင့် အတန်
ငယ်မျှသာ ကွာဝေးခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network, Rangonnewsdaily
RND:  :17.5.2013

No comments:

Post a Comment