Pages

Pages - Menu

Wednesday, May 29, 2013

လားရှိုးနောက်ဆက်တွဲသတင်း မေ-၂၉ မနက်၊ ၁း၃၀

မေ-၂၉၊၂၀၁၃ မနက်၊ ၁း၃၀
M-Media မှ စုံစမ်းသိရှိရသော သတင်းများအရ ဘူတာဗလီ မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်

စုံစမ်းသိရှိရသလောက် ဖျက်ဆီးခံရသည့် စာရင်းမှာ
လားရှိုး ဘူတာ RS ဆေးဆိုင်
လားရှိုးဓါတ်ပုံတိုက်
နမ့်ခုန်း ဒေါက်တာ နန်းဆိုင်အေး တိုက်တန်းလျားမှ အိမ် ဖျက်ဆီးခံ

RK အလှကုန်ဆိုင် ဖျက်ဆီးခံရ
မာလာဟင်း တရုတ် Muslim စားသောက်ဆိုင် ဖျက်ဆီးခံရ
အာရဗီစာသင်ကျောင်းနားက ချစ်တီးထမင်းဆိုင်၊
အားမာန်ပရိဘောဂ၊
ဆိုင်ကယ်အပိုပစ္စည်းဆိုင် (နာမည်မသိ)
ကားပစ္စည်းဆိုင် (နာမည်မသိ)
လူအသေအပျောက် မသိရသေး
၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုအံဘွယ်ကျော် FB စာမျက်နှာတွင် ဖော်ပြထားချက်

ယမန်နေ့ (မေလ ၊ ၂၈ ရက်) လားရှိုးမြို့ ဖြစ်စဉ်တွင် ပလီတစ်လုံး၊ အစ္စလာမ် မိဘမဲ့ စာသင်ကျောင်းဆောင် သုံးဆောင်၊ ပလီမျက်နှာစာပါ ဆိုင်ခန်း ၃ ခန်း၊ ကြာဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့်၊ အမက (၃) ဘေးရှိ ဆိုင်ခန်း ၁၆ ခန်းနှင့် ၊ နယ်မြေ ၂၊ ရပ်ကွက် ၉ ရှိ အိမ် ၃ အိမ် ပျက်စီးခဲ့ကြောင်း ယခု ည ၁၂း ၃၀ နာရီတွင် ဖုန်းသတင်း ကြားသိရပါသည်။ ယခုအချိန်တွင် အခြေအနေ အားလုံး အေးဆေးနေကြောင်းနှင့် လားရှိုးမြို့၏ ရပ်ကွက် ၃ နှင့် ၀န်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်ထားသည်ဟု သိရကြောင်း လားရှိုးမြို့လယ်၊ အခင်းဖြစ်ပွားရာ ရပ်ကွက် ၃ မှ ဒေသခံတစ်ဦးက ယခု ည ၁၂း ၃၅ နာရီတွင် ပြောခဲ့ပါသည်။

M-Media , Rangonnewsdaily
RND:  :28.5.2013

 

No comments:

Post a Comment