ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ အဲဒီလိုပြစ်မှုကြွေးကျန်တွေထားရိ
င်းအတွင်းက တောင်သူလယ်သမားနဲ့ ရေလုပ်သားအဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်တောင်းဆို
လိုက်ကြပါတယ်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အထည်ချောင်ကျေးရွာမှာ မနေ့ကပြုလုပ်တဲ့ တောင်သူလယ်သမား အ
စည်းအဝေးကနေ အခုလိုသဘောထားကြေညာချက် ထုတ်ပြန်တာဖြစ်ကြောင်း တောင်သူလယ်သမားနဲ့
ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂအဖွဲ့ဝင် ကိုမောင်ငြိမ်းက RFA ကို အခုလိုပြောပါတယ်။
"ထုတ်ပြန်ချက်က ဧရာဝတီတိုင်း တောင်သူလယ်သမား၊ ရေလုပ်သားအားလုံးရဲ့သဘောထားနဲ့ ဗိုလ်ကြီး နေ
မျိုးဇင်ကို မတရားဖမ်းဆီးထားတဲ့ကိစ္စရယ်၊ တောင်သူလယ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့လူတွေ
ကို မတရားဖမ်းဆီးတဲ့ကိစ္စရယ်၊ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ တောင်သူလယ်သမားတွေထံမှမတရားသိမ်းထား
တဲ့ လယ်ယာမြေတွေကို တောင်သူတွေလက်ထဲပြန်ရောက်ဖို့ကိ
အဝေးလုပ်ပြီးတော့ သဘောထားကြေညာချက်ကို ထုတ်ပြန်တာပါခင်ဗျာ၊ ဒီထက်မှမရဘူးဆိုလို့ရှိရင် ဧရာ
ဝတီတိုင်းမှာရှိတဲ့ ပြည်သူလူထုတရပ်လုံး လက်မှတ်ထိုးပြီးတော့ သမ္မတထံကို ဦးနေမျိုးဇင်အပါအဝင် ပုဂ္ဂိုလ်
တွေကို လွှတ်ပေးဖို့ အသနားခံစာတင်မှာခင်ဗျ၊ ကျနော်တို့ ပြည်သူလူထုအင်အားတွေနဲ့ ဆန္ဒဖော်ထုတ်မှု
တွေ ဒေသအနှံ့အပြားမှာ ဆုတောင်းပွဲတွေလုပ်ပါမယ်"
တောင်သူလယ်သမားတွေ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်ထဲမှာ မအူပင်မြို့ အကျဉ်းထောင်
မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဦးနေမျိုးဇင် နည်းတူ ပုဒ်မ
၄၀၁ နဲ့ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြစ်မှုကြွေးကျန်တွေကို ရုတ်သိမ်းပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။
တောင်သူလယ်သမားနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသ
သူလယ်သမားနဲ့ ရေလုပ်သားတွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁ သောင်းကျော် ရှိတယ်လို့သိရပါတယ်။
RFA (Burmese) , Rangonnewsdaily
RND: :10.5.2013
No comments:
Post a Comment