Pages

Pages - Menu

Tuesday, May 14, 2013

စစ်တွေက ဒုက္ခသည်တွေ မုန်တိုင်းသတင်း ရရှိထားကြ

စစ်တွေမြို့က သဲချောင်း၊ ဘန်စီကုန်းနဲ့ ဘုမေ ဒုက္ခသည်စခန်းအတွင်းက ဒုက္ခသည်တွေဟာ မဟာဆန် ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်တဲ့ သတိပေးမှုတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကတစ်ဆင့် ရရှိထားတယ်လို့ စစ်တွေကို မုန်တိုင်းသတင်းရယူဖို့ ရောက်ရှိနေတဲ့ ကမာရွတ်မီဒီယာက သတင်းထောက်က မေလ ၁၃ရက်နေ့ နှောင်းပိုင်းမှာ သတင်းပေးပို့ခဲ့ပါတယ်။ ယာယီတဲအလုံးပေါင်း ၉ဝဝရှိတဲ့ ကျောက်ဖြူကနေ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေအများစု နေထိုင်တဲ့ သဲချောင်းဒုက္ခသည်စခန်းကို ဒီကနေ့ညနေ ၄နာရီမှာ နေရာပြောင်းရွှေ့ဖို့ အကြောင်းကြားခဲ့ပေမယ့် နေရာသစ်ဟာ ပင်လယ်နဲ့ပိုနီးတာကြောင့် ဒုက္ခသည်အများစုက မပြောင်းလိုကြဘူးလို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဝင်ရောက်နိုင်ခြေရှိတ
ဲ့ဆိုတဲ့သတင်းတွေကို ရေဒီယိုကနေ အများဆုံး ရရှိခဲ့တာဖြစ်ပြီး စစ်တွေမြို့
အတွင်းမှာတော့ အခြေအနေတွေက ပုံမှန်အတိုင်းရှိနေဆဲပဲလို့ ဆိုပါတယ်။
Kamayut Media , Rangonnewsdaily
RND:  :14.5.2013
 

No comments:

Post a Comment