Pages

Pages - Menu

Wednesday, May 1, 2013

ဥက္ကံက ဒုက္ခသည်တွေ အမိုးအကာမဲ့စွာ နေထိုင်နေရ၊ ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများကို ထပ်မံဖမ်းဆီးရန် ပြင်ဆင်နေ

ဥက္ကံမြို့ပေါ်ကဗလီတစ်လုံး၊ဆိုင်ခန်း၁၅ခန်းနဲ့အိမ်ခြေ ၅၃လုံး၊ ကျေးရွာ ၃ရွာက အိမ်ခြေ ၁၁ဝတို့ဟာ အကြမ်း
ဖက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးဘေးသင့်ခဲ့တဲ့ မိသားစုဝင်တွေဟာ ချောင်းကမ်းပါးတွေနံဘေးမှာ အမိုး
အကာမဲ့ ယာယီနေထိုင်နေရဆဲဖြစ်ပြီး ဒုက္ခသည်စခန်းဆောက်လုပ်ပြီး ကူညီကယ်ဆယ်တာလည်း မရှိသလို ကူညီထောက်ပံ့ရေးတွေလည်း ကင်းမဲ့နေဆဲဖြစ်ပါတယ်။
ဥက္ကံကို ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့တွေဟာ ဒုက္ခရောက်နေသူတွေကို လုံခြုံရေးအရ အကာအကွယ်ပေးထား
တယ်လို့ ကမာရွတ်မီဒီယာ သတင်းထောက်က ပြောဆိုခဲ့ပါတယ်။

ဥက္ကံမြို့ အကြမ်းဖက်မှုတွေကို ဦးဆောင်ခဲ့တဲ့၁၈ဦးကိုဖမ်းဆီးထားပြီး မေလ ၁ရက်နေ့ညမှာ နောက်ထပ် ဖမ်း

ဆီးမှုတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လုပ်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဥက္ကံမြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဘာသာရေးလူမျိုးရေးအကြောင်းပြပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့တာကြောင့် ဧပြီ ၃ဝရက်နေ့ညက ဒဏ်ရာရာခဲ့
တဲ့ ၁ဝယောက်ကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့ပြီး မေလ ၁ရက်နေ့ မနက်မှာ ပနီပင်ကျေးရွာက ကိုဇော်ဇော်နိုင် (၂၉နှစ်)ဟာ ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးသွားခဲ့ပါတယ်။

ဒဏ်ရာရသူအားလုံးကို ဦးနှောက်နဲ့အာရုံကြောဌာနမှာ အရေးပေါ်တင်ဆောင်ထားပြီး နောက်ထပ်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့သတင်းရပ်ကွက်တွေက ဆိုပါတယ်။


Rangonnewsdaily
RND:  :1.5.2013

No comments:

Post a Comment