Friday, May 10, 2013
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ် လုံခြုံရေးကို ပိုမို တင်းကြပ်ဖို့ မြန်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ် လုံခြုံရေးကို ပိုမို တင်းကြပ်ဖို့ မြန်
မာနိုင်ငံအပါအဝင် အာရှ ၆ နိုင်ငံက
သဘောတူ ခဲ့ကြပါတယ်၊ အာရှဒေသတွင်း
မူးယစ်ဆေးဝါး တိုက်ဖျက် ထိန်းချုပ်ရေးအတွက် နေပြည်တော်မှာကျင်းပခဲ့တဲ့
အာရှ ၆ နိုင်ငံ ဝန်ကြီး အဆင့် စည်းဝေးပွဲအပြီးထုတ်ပြန်
တဲ့ ကြေညာချက်ထဲမှာ
အခုလို ဖေါ်ပြထား တာဖြစ်ပါတယ်။
ဘိန်းအစားထိုးစိုက်ပျိုးရေးအစီအစဉ်တွေကို ပိုပြီး တိုးမြှင့်
ဆောင်ရွက်ပေးဖို့၊ မူးယစ်ဆေးဝါး ကာကွယ်ရေးနဲ့
ပါတ်သက်တဲ့ အတွေ့အကြုံတွေကို
နိုင်ငံတွေကြား မျှဝေကြဖို့၊ မူးယစ်ဆေးစွဲနေသူတွေကို ကုသမှုနဲ့ အများ
ပြည်သူ
သိရှိအောင် ပညာပေးမှုတွေကို ပိုပြီးလုပ်ပေးဖို့ကိုလဲ သဘောတူခဲ့ကြပါတယ်၊
အာရှဒေသအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခုဖြစ်နေတဲ့ တရားမဝင်
မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ပူးပေါင်း တိုက်ဖျက်ကြ
ဖို့အတွက်ကို မြန်မာ၊
ထိုင်း၊ Vietnam၊ Laos၊ Cambodia နဲ့တရုတ်နိုင်ငံက ကတိပြု
သဘောတူခဲ့ကြပါတယ်။
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲကို ၆ နိုင်ငံကဝန်ကြီးတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲကို ၆ နိုင်ငံကဝန်ကြီးတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ
တာဝန်ရှိသူတွေအပြင်ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေလဲတက်
ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ဘိန်းထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး နိုင်ငံတခုအဖြစ်
ရှိနေဆဲဖြစ်ပါတယ်၊ဒါ့အပြင်အရှေ့တောင်အာရှမှာ စိတ်ကြွဆေးထွက်ရှိမှုကလဲအများဆုံးနိုင်ငံတခုဖြစ်တယ်
လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးဆိုင်ရာနောက်ဆုံးအစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။
အရင်စစ်အစိုးရလက်ထက်က 1999 ခုနှစ်ကနေ 2009 ခုနှစ်အထိဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းဟာ
အရင်စစ်အစိုးရလက်ထက်က 1999 ခုနှစ်ကနေ 2009 ခုနှစ်အထိဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းဟာ
အောင်မြင်မှုမရှိခဲ့တဲ့အပြင် 2014 မတိုင်ခင်
မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရမယ်ဆိုတဲ့ စီမံကိန်းကိုလဲ 2019 အထိ အစိုးရက
နောက်ထပ် ၅ နှစ်ထပ်တိုးခဲ့ပါတယ်။
1999 ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ဘိန်းပပျောက်ရေးကို ဆောင်ရွက်နေပေမဲ့ ဘိန်းစိုက်ပျိုးနေတဲ့ နေရာေ၏
1999 ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ဘိန်းပပျောက်ရေးကို ဆောင်ရွက်နေပေမဲ့ ဘိန်းစိုက်ပျိုးနေတဲ့ နေရာေ၏
တွေဟာ
ဝေးလံခေါင်ဖျားတဲ့နေရာတွေဖြစ်နေတယ်၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတဲ့
စီမံကိန်းတွေအောင်မြင်
ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ လေ့လာသူတွေက
ပြောပါတယ်။
VOA Burmese News , Rangonnewsdaily
RND: :10.5.2013
VOA Burmese News , Rangonnewsdaily
RND: :10.5.2013
No comments:
Post a Comment