Pages

Pages - Menu

Sunday, May 26, 2013

တာချီလိတ်-တာလေ အဝေးပြေးလမ်းပေါ်တွင် ကားတစ်စီးတိမ်းမှောက်


26-5-2013

မေလ(၂၆)ရက်နေ့ မွန်းလွဲ(၁း၃၇)နာရီခန့်က တာချီလိတ်-တာလေသွား အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်ဘက်မှလာသော ကားသည် အဝေးပြေးလမ်းမပေါ်မှာ အရှိန်းပြင်းစွာ မောင်းနှင်လာ
ရင်းတာလေဘက်မှလမ်းကြောင်းလွှဲကာ မောင်းနှင်လာသောဆိုင်ကယ်အား ရှောင်လိုက်ရာမှယခုလိုလမ်း
ဘေးသို့ ထိုးမှောက်သွားကြောင်းသိရသည်။

ဆိုင်ကယ်မှာ မောင်းပြေးသွားခဲ့ပြီး ကားမှာတော့ လမ်းဘေးမှာ အတန်ကြာ ကြာမြင့်စွာ ရှိနေလေရာ အိမ်
ဆောက်ပစ္စည်းများသယ်ဆောင်လာသည့် ကားကြီးကို တားမြစ်ပြီး အကူအညီတောင်းကာ ကားအား ကြိုး
ဖြင့်ဆွဲယူနေကြသည်ကို တွေ့ရှိခဲ့ရသည်။ ကား၏ အရှေ့ဘက်ထောင့် မှန်မှာ ကွဲအက်သွားခဲ့သော်လည်း ကံကောင်းသည်က ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရှိရသည်။

Tachileik Online News ,Rangonnewsdaily
RND:  :26.5.2013

No comments:

Post a Comment