Pages

Pages - Menu

Saturday, May 25, 2013

မွန်ပြည်နယ်တွင် “၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့” အမည်ဖြင့် လှုပ်ရှားမှု ၉၆၉ အဖွဲ့ပြုလုပ်လာ

မွန်ပြည်နယ်တွင် “၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့” အမည်ဖြင့် လှုပ်ရှားမှု ၉၆၉ အဖွဲ့ပြုလုပ်လာ
============
မေ-၂၄-၂၀၁၃
M-Media
အောင်ကျော်

မွန်ပြည်နယ်တွင် 969 အဖွဲ့မှ ၂၅-၈-၂၀၁၃ နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ဘာသာနေ့ အမည်ဖြစ် သာသနာအလံများ လွှင့်ထူရန် နှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ် တွင် မော်လမြိုင် မြို့မှအစ ပြည်နယ်တစ်ခုလုံးနှင့် မြန်မာနိုင်ငံအချို့မြို့ကြီးများတွင် ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည် ဟူသော ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့   အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန်နှင့် ဗုဒ္ခဘာသာဝင် အိမ်တိုင်းတွင် သာသနာအလံတော်များ လွှင့်ထူရန်  နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့နှိုးဆော်မှုတွင် မွန်ပြည်နယ်ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင် ၂၄-၅-၂၀၁၃  နေ့နံနက်အချိန်းမှ စပြီး မြစေတီ နန်းဦးစာသင်တိုက်တွင် ( ဘာသာသွေးနွေး ခေါင်စဉ်ဖြစ် ) ခေတ်မှီတီးဝိုင်းကြီးများဖြစ်  အစ္စလာမ်သာသနာနှင့် ဘာသာဝင် များကို ထိခိုက်စော်ကားထားသော သီချင်းများကို  သီဆိုခဲ့ကြပြီး လူငယ်များကို ဘာသာ သွေးနွေးပေသည်ဟု ခေါင်စဉ်ဖြစ်  လှုံဆော်ပေးလျှက် ရှိကြောင်းသိရသည်။ ။ မြစေတီနန်းဦး စာသင်တိုက်သို့ မော်လမြိုင်၊ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဇင်းကျိုက် ၊ အစရှိသည် မြို့များမှ ၉၆၉ အဖွဲ့အင်အား ၅၀၀၀ ခန့် စုရုံးပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ပါသည် ။

ထိုအခမ်းအနားတွင် အစ္စလာမ်ဆန့်ကျင်ရေး တရာခွေများ စာရွက်များကိုဝေငှပေးပြီ  ဗုဒ္ခဘာသာဝင်များ ၏ နိုင်ငံတော် ဘာသာနေ့ ကိုကြိုဆိုရန် ဗုဒ္ခဘာသာဝင်များ အိမ်တိုင်းတွင် သာသနာ အလံတော်များ တင်ရမည်ဖြစ်ကြောင်းကို  မြစေတီနန်းဦ စာသင်တိုက်ဆရာတော်မှ ညွန်ကြားခဲ့ကြောင်းသိရှိပါသည်။

Read More =>http://www.m-mediagroup.com/news/13960

မေ-၂၄-၂၀၁၃
မွန်ပြည်နယ်တွင် 969 အဖွဲ့မှ ၂၅-၈-၂၀၁၃ နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ဘာသာနေ့ အမည်ဖြစ် သာသနာအလံများ လွှင့်ထူရန် နှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မွန်ပြည်နယ် တွင် မော်လမြိုင် မြို့မှအစ ပြည်နယ်တစ်ခုလုံးနှင့် မြန်မာနိုင်ငံအချို့မြို့ကြီးများတွင် ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည် ဟူသော ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန်နှင့် ဗုဒ္ခဘာသာဝင် အိမ်တိုင်းတွင် သာသနာအလံတော်များ လွှင့်ထူရန် နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့နှိုးဆော်မှုတွင် မွန်ပြည်နယ်ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင် ၂၄-၅-၂၀၁၃ နေ့နံနက်အချိန်းမှ စပြီး မြစေတီ နန်းဦးစာသင်တိုက်တွင် ( ဘာသာသွေးနွေး ခေါင်စဉ်ဖြစ် ) ခေတ်မှီတီးဝိုင်းကြီးများဖြစ် အစ္စလာမ်သာသနာနှင့် ဘာသာဝင် များကို ထိခိုက်စော်ကားထားသော သီချင်းများကို သီဆိုခဲ့ကြပြီး လူငယ်များကို ဘာသာ သွေးနွေးပေသည်ဟု ခေါင်စဉ်ဖြစ် လှုံဆော်ပေးလျှက် ရှိကြောင်းသိရသည်။ ။ မြစေတီနန်းဦး စာသင်တိုက်သို့ မော်လမြိုင်၊ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဇင်းကျိုက် ၊ အစရှိသည် မြို့များမှ ၉၆၉ အဖွဲ့အင်အား ၅၀၀၀ ခန့် စုရုံးပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ပါသည် ။

ထိုအခမ်းအနားတွင် အစ္စလာမ်ဆန့်ကျင်ရေး တရာခွေများ စာရွက်များကိုဝေငှပေးပြီ ဗုဒ္ခဘာသာဝင်များ ၏ နိုင်ငံတော် ဘာသာနေ့ ကိုကြိုဆိုရန် ဗုဒ္ခဘာသာဝင်များ အိမ်တိုင်းတွင် သာသနာ အလံတော်များ တင်ရမည်ဖြစ်ကြောင်းကို မြစေတီနန်းဦ စာသင်တိုက်ဆရာတော်မှ ညွန်ကြားခဲ့ကြောင်းသိရှိပါသည်။

M-Media ,Rangonnewsdaily
RND:  :25.5.2013
အောင်ကျော်

No comments:

Post a Comment