Pages

Pages - Menu

Sunday, May 12, 2013

မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် "နေအိမ်ဖျက်ခံရသူတွေ သမ္မတကို ကြိုဆိုခွင့်မရ"

"နေအိမ်ဖျက်ခံရသူတွေ သမ္မတကို  ကြိုဆိုခွင့်မရ"

မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ (၂၀) ကျော် ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင် တွေက လမ်းတ၀က်မှာ တားမြစ်ခဲ့ပါတယ်။ 

ကြိုဆိုရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သွားစဉ်မှာ တားမြစ်ခံရတာဖြစ်ကြောင်း ဒေသခံ မသင်းသင်း က RFAကို ပြောပါတယ်။

"သမ္မတကြီး ကျန်းမာပါစေ၊ချမ်းသာပါစေဆိုတဲ့ စာရွက်နဲ့ကြိုဆိုဖို့လာတာကို ရဲတွေက အတင်းနှင်လွှတ်တာပဲ၊ဖုန်းလာတော့ ဖုန်းလာတာကို လမ်းကြောင်းပိတ်တယ် ဖုန်းဆက်ခွင့်မရှိဘူးလို့ ရဲတွေက ပြောတယ်။ပြည်သူတွေက သမ္မတကြီးကိုကြိုဆိုခြင်တာ ကြိုဆိုခွင့်မရှိဘူးလားဆိုတော့ သူတို့က မရှိဘူးတဲ့။ကျွန်မတို့ကလဲ သမ္မတကြီးကို ကြိုခြင်လို့ လာတာပါ။တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"

ကြိုဆိုဖို့ သွားရောက်သူတွေကို တံခွန်တိုင်အဝိုင်းနားအရောက်မှာ ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်(၂၀)လောက်က လာရောက်တားမြစ်ခဲ့ပြီး၊  ကိုင်ဆောင် ထားတဲ့ ပိုစတာတွေ၊ ဗီနိုင်းတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်။ 

ဒါ့အပြင် ကြိုဆိုသူတွေကို ILOနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်) ရုံးခန်းအတွင်း ထိန်းသိမ်းထားခဲ့ရာမှာ သမ္မတ မန္တလေးက ပြန်သွားတဲ့အချိန်ထိ ဖြစ်တယ်လို့ မသင်းသင်း က ပြောပါတယ်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံမှာ သမ၀ါယမအသင်းအဖွဲ့တွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး အမရပူရမြို့မှာရှိတဲ့ ဆောင်းဒါးယက္ကန်းကျောင်းနဲ့ ပြည်ကြီးတံခွန် နို့ချက်စက်ရုံတွေကို သွား ရောက် ကြည့်ရှုခဲ့ပါတယ်။ 

နေအိမ်ဖျက်ဆီးခံရသူတွေကို သမ္မတခရီးစဉ်အပေါ် ကြိုဆိုခွင့်မပြုတာဟာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်မလာအောင် တားဆီးတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့  မြို့နယ်တာဝန်ရှိ သူတွေက ပြောဆိုကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ (၂၀) ကျော် ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင်
တွေက လမ်းတ၀က်မှာ တားမြစ်ခဲ့ပါတယ်။ ကြိုဆိုရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သွားစဉ်မှာ တားမြစ်ခံရတာဖြစ်ကြောင်း ဒေသခံ မသင်းသင်း က RFAကို ပြောပါတယ်။

"သမ္မတကြီး ကျန်းမာပါစေ၊ချမ်းသာပါစေဆိုတဲ့ စာရွက်နဲ့ကြိုဆိုဖို့လာတာကို ရဲတွေက အတင်းနှင်လွှတ်တာ
ပဲ၊ဖုန်းလာတော့ဖုန်းလာတာကိုလမ်းကြောင်းပိတ်တယ်ဖုန်းဆက်ခွင့်မရှိဘူးလို့ ရဲတွေက ပြောတယ်။ပြည်သူ
တွေကသမ္မတကြီးကိုကြိုဆိုခြင်တာ ကြိုဆိုခွင့်မရှိဘူးလားဆိုတော့သူတို့ကမရှိဘူးတဲ့။ကျွန်မတို့ကလဲသမ္မတ
ကြီးကို ကြိုခြင်လို့ လာတာပါ။တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"

ကြိုဆိုဖို့ သွားရောက်သူတွေကို တံခွန်တိုင်အဝိုင်းနားအရောက်မှာ ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်(၂၀)လောက်က လာရောက်တားမြစ်ခဲ့ပြီး၊ ကိုင်ဆောင် ထားတဲ့ ပိုစတာ
တွေ၊ ဗီနိုင်းတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်။

ဒါ့အပြင် ကြိုဆိုသူတွေကို ILOနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်) ရုံးခန်းအတွင်း ထိန်းသိမ်းထားခဲ့ရာမှာ သမ္မတ မန္တလေးက ပြန်သွားတဲ့အချိန်ထိ ဖြစ်တယ်လို့ မသင်းသင်း က ပြောပါတယ်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံမှာ သမ၀ါယမအသင်းအဖွဲ့တွေကို မိန့်
ခွန်း ပြောကြားခဲ့ပြီး အမရပူရမြို့မှာရှိတဲ့ ဆောင်းဒါးယက္ကန်းကျောင်းနဲ့ ပြည်ကြီးတံခွန် နို့ချက်စက်ရုံတွေကို သွား ရောက် ကြည့်ရှုခဲ့ပါတယ်။

နေအိမ်ဖျက်ဆီးခံရသူတွေကိုသမ္မတခရီးစဉ်အပေါ် ကြိုဆိုခွင့်မပြုတာဟာမလိုလားအပ်တဲ့ကိစ္စရပ်တွေ ပေါ်
ပေါက်မလာအောင်တားဆီးတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောဆို
ကြောင်း သိရပါတယ်။
RFA (Burmese) , Rangonnewsdaily
RND:  :12.5.2013

No comments:

Post a Comment