Pages

Pages - Menu

Tuesday, May 14, 2013

လယ်သမားသမဂ္ဂမှ ပြန်လာသူ လယ်သူမတဦး ဆိုင်ကယ် ကယ်ရီသမား၏ အဓမ္မပြုကျင့်ခံရ

တောင်သူလယ်သမားသမဂ္ဂရုံးမှ ပြန်လာသောလယ်သူမတဦးအားဆိုင်ကယ်ကယ်ရီသမားက လမ်းခုလတ်
အရောက်အဓမ္မပြုကျင့်မှုတခုအား ကျောက်တန်းရဲစခန်းက မေလ၁၁ရက်နေ့တွင်အမှုဖွင့်ပေးထားရကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းသတင်း မှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီအချိန်က ဒေါ်…………(၄၃)နှစ်၊ (လယ်လုပ်၊ ………ကျေးရွာ)မှာ
ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက်၊ မင်းချောင်းလမ်းရှိ “မြို့နယ် တောင်သူ လယ်သမားသမဂ္ဂရုံး” မှ နေ
အိမ်သို့ပြန်ရန် လမ်းတွင်တွေ့ရှိသော ထွန်းရွှေ (စုံစမ်းဆဲ၊ နောင်မှ အမည်သိရ)၊ အဒွက်ကျေးရွာ၊ကျောက်
တန်းမြို့နယ် နေသူ၏ ဆိုင်ကယ်အား ၁,၀၀၀ ကျပ်ဖြင့် ငှားရမ်းစီးနင်းခဲ့ကြောင်း မှုခင်းမှတ်တမ်း တွင် ဖော်ပြ
ပါ ရှိသည်။

ထို့နောက် အေးရှားဝေါလမ်း၊ မြိုင်သာယာသင်္ချိုင်းအလွန်တွင် ထွန်းရွှေဆိုသူက ဆိုင်ကယ်ရပ် ပြီး ဒေါ်……
..၏လက်မောင်းအားဆွဲကာလမ်းဘေးချုံတစ်ခုထဲသို့ ခေါ်ဆောင်ပြီး မိနစ်၂၀ ခန့်သားမယားအဖြစ် တကြိမ်
 ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ထွက်ပြေးခဲ့ရာ ထွန်းရွှေ၏ အမည်နှင့် လိပ်စာအား မေလ ၉ ရက်နေ့တွင် စုံးစမ်း သိရှိခဲ့ရသဖြင့် သားမယားပြုကျင့်ခဲ့သူ ၎င်းအား အရေးယူပေးရန် ပြစ်မှုကျူးလွန်ခံရသူ ကိုယ်တိုင် လာရောက်တိုင်တန်းခဲ့ သဖြင့် ကျောက်တန်းရဲစခန်းက (ပ)၁၅၆/၁၃၊ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရ သူအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် (မဇ္ဈိမ) , Rangonnewsdaily
RND:  :14.5.2013

No comments:

Post a Comment