Pages

Pages - Menu

Sunday, May 5, 2013

နိုင်ငံခြားသားတရားခံအား ဖမ်းဆီးလွှဲပြောင်းပေး

၃-၅-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ BLO နယ်စပ်ဆက်ဆံရေးရုံးသို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျောက်ကြိမ်ရိနှင့် အဖွဲ့ရောက်ရှိလာပြီး တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့နယ်၊ ဆိုင်ကြိုင်းရဲစခန်းမှ ဆိုင်ကယ်ခိုးမှုဖြင့် အလိုရှိသော တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့နယ်၊ နန့်လန်ကျေးရွာနေ လောပ(ခ)ကျန်ပ(၁၆)နှစ်သည် လွယ်ဂျယ်မြို့အတွင်းရောက်ရှိနေကြောင်းနှင့် ကူညီစုံစမ်းဖမ်းဆီးပေးရန် အကူအညီတောင်းခံ ခဲ့ပါသည်။ ထို့ကြောင့် လွယ်ဂျယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ လူကုန်ကူးအထူးအဖွဲ့မှတပ်ဖွဲ့ဝင်များက မြို့ပေါ်နှင့်နယ်စပ် ၀င်/ထွက်ပေါက်နေရာများအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ၁၂၃၀ အချိန်တွင် နယ်စပ်ဝင်/ထွက်ပေါက်အနီးမှ လောပအား ဖမ်းဆီးရမိခဲ့သဖြင့် ၁၃၃၀ အချိန် ဒုရဲမှူးကြီး ကျောက်ကြိမ်ရိထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည် , Rangonnewsdaily
RND:  :5.5.2013

No comments:

Post a Comment