Pages

Pages - Menu

Sunday, May 26, 2013

တောင်ကုတ် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်းလွှင် ဓာတ်လိုက်သေဆုံး

26-5-2013
တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။ ကိုဆန်းလွှင်သည် တောင်ကုတ်နှင့် စစ်တွေ အကြား ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ယာဉ်တွင် မာလိန်မှူး အဖြစ် တာဝန်ယူမောင်းနှင်နေစဉ် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖေါ် ကိုင်ဘက် တစ်ဦး ဖြစ်သူ ကိုမိုးနိုင်စိုးက ပြောသည်။ “ မေလ ၆ ရက်နေ့မှာ ဆုံးပါတယ်။သင်္ဘောပေါ်မှာ စက်ကို ပြုပြင်နေစဉ် ကာရန်း ဓာတ်လိုက်ရာမှ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်တွေပြည်သူ့ ဆေးရုံကို ယူသွားပေမယ့် သူ့က သင်္ဘောပေါ်မှာကတည်းက ဆုံးသွားပါပြီ။ မေလ ၈ ရက်နေ့မှာတော့ စစ်တွေမှာ သူ့ကို သဂြိုလ်ခဲ့တယ်။”

ကိုဆန်းလွှင် သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး အရေးအခင်းနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေခ်ျ့ကို ထွက်လာရာတွင် ဒုတိယ အသုတ် တောင်ကုတ် အုပ်စုထဲ၌ ပါဝင်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်သွားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့တွင် နအဖ စစ်အစိုးရမှ နိရဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်မူကြောင့် ဖမ်းဆီးပြီး ၁၃ (၁) လ၀က အက်ဥပဒေဖြင့် ထောင် (၅) နှစ်ချမှတ်ခဲ့ပြီး သံတွဲထောင်တွင် ထိန်းသိမ်း ထားခဲ့သည်။ ၂၁၀၂ ခုနှစ် ထောင်မှ ပြန်လွှတ်လာပြီး ရွှေပြည်တန် အမြန်ရေယာဉ်တွင် မာလိန်မှူး အဖြစ် လုပ်ကိုင်ခဲ့သည်။

အာဏာရှင် စနစ်ဆိုးကို တော်လှန်နေကြသော နိုင်ငံရေးသမား၊ တော်လှန်ရေး သမားများ အနေဖြင့် နည်းမျိုးစုံနဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော်လည်း တစ်စုံတစ်ရာ အသိအမှတ်ပြု မခံရဘဲ မလှပသော ဘ၀နှင့် နိဂုံးချုပ်ခဲ့ကြရသည့် အပေါ် အထူး ယူကြုံးမရ နှမြောမိကြောင်း ကိုမိုးနိုင်စိုးက ပြောသည်။

“ အကျဉ်းထောင်က လွှတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဘ၀ပြန်လည် ထူထောင်ရေး အတွက် ကြုံတဲ့ အလုပ်ကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြရတယ်။ ကိုဆန်းလွှင်ဟာလည်းဘဲ ထောင်က လွှတ်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးကို ဆက်လက် လုပ်ကိုင်လိုပေမယ့် ဘ၀ အခြေအနေအရ မလုပ်ကိုင်နိုင်တော့ဘဲ သူကျွမ်းကျင်ရာ ရေယာဉ်မောင်း အလုပ်ကို လုပ်ကိုင်ရင်း ခုလို အခြေအနေမျိုးနဲ့ ဘ၀ကို အဆုံးသတ်ခဲ့ရတယ်။ ကျနော်အနေနဲ့ နောက်ဆုံး ပြောချင်တာကတော့ အာဏာရှင် စနစ်ဆိုးကို တော်လှန်နေကြတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေး သမားတွေဟာ နည်းမျိုးစုံနဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲမှာ ပါဝင်ခဲ့ကြပေမယ့် ခုလို မလှပတဲ့ ဘ၀တွေနဲ့ နိဂုံးချုပ်ခဲ့ကြရတဲ့ အပေါ် အထူး ယူကြုံးမရ နှမြောမိပါတယ်” ဟု ဆိုသည်။

နအဖ စစ်အစိုးရ လက်ထက်တွင် နိရဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်မူဖြင့် မောင်တောမြို့မှ တစ်ဦး၊ ပေါက်တောမြို့မှ တစ်ဦးနှင့် တောင်ကုတ်မြို့မှ တစ်ဦးတို့ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။ တောင်ကုတ်မြို့မှ ဖမ်ဆီးခံရသူမှာ တောင်ကုတ်မြို့မှ ကိုဆန်းလွှင် ဖြစ်သည်။

ကိုဆန်းလွှင်မှာ အသက် (၄၅) နှစ်ရှိပြီး သူ့တွင် ဇနီး တစ်ဦးကျန်ရှိခဲ့ပြီး သားသမီး မကျန်ခဲ့ဟု သိရသည်။ သူ့ဇနီး ဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည့် ရခိုင်- မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းနှင့် မြေးတော်စပ်သူ ဖြစ်ကြောင်း သိရသည်။

Narinjara Media , Rangonnewsdaily
RND:  :26.5.2013

No comments:

Post a Comment