Pages

Pages - Menu

Saturday, May 25, 2013

ကင်တာနား၊ မြန်မာနိုင်ငံနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (၁) မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)

ကင်တာနား၊ မြန်မာနိုင်ငံနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (၁)
မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ

ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် အာဏာပိုင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်စပ်လျဉ်း၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုးကို မီဒီယာများမှတစ်ဆင့် ကြားသိနေရသည့်အပြင် ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ကျွန်တော်၏ ထင်မြင်ယူဆချက်ကို မကြာခဏ မေးမြန်းခြင်းခံနေရသည့်အတွက် ဤဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ အကြောင်းဖန်လာပါသည်။
ရှုပ်ထွေးလှသည့်ပြဿနာဖြစ်၍ ထင်မြင်ချက်ပေးရန် ခက်ခဲလှသည့်အပြင် နယ်ပယ်ကဏ္ဍစုံမှ ပုဂ္ဂိုလ်များကလည်း ကွဲပြားခြားနားသည့် ထင်မြင်ချက်အမျိုးမျိုးကို မီဒီယာများမှတစ်ဆင့် တင်ပြပြောဆိုနေကြသည့်အတွက် ကျွန်တော်၏ထင်မြင်ချက်ကို ပြောဆိုတင်ပြရန် ပို၍ မဝံ့မရဲဖြစ်မိပါသည်။

ကင်တာနား၏ ယူဆချက်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂမှ ခန့်အပ်ထားသော လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ သောမတ်စ်အိုဟေးကင်တာနားက မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း အကြံပြုချက်တစ်ရပ်ပေးခဲ့ပါသည်။
ကျွန်တော်မှတ်သားမိသမျှ မစ္စတာကင်တာနားသည် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခဲ့သည့်အတွက် မြန်မာနိုင်ငံသားအများစု၏ ယုံကြည်လေးစားခြင်းခံရသော ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဟု ဆိုနိုင်ပါသည်။

ကင်တာနားကို ကန့်ကွက်သူများ

မစ္စတာကင်တာနားက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း အကြံပြုတင်ပြချက်အပေါ် လွှတ်တော်အမတ် အနည်းငယ်နှင့် နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များက အပြင်းအထန် ကန့်ကွက်ပြောဆိုခဲ့ကြသည်ကို မီဒီယာများမှတစ်ဆင့် ကြားသိရပါသည်။ အချို့သော ကန့်ကွက်သူများက မစ္စတာကင်တာနားအား မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်အဖြစ်မှ ဖြုတ်ပစ်သင့်သည်ဟုပင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ပြောဆိုခဲ့သည်ကို ကြားသိရပါသည်။
သို့သော်လည်း ထိုပုဂ္ဂိုလ်များ၏ ပြောဆိုချက်တွင် မစ္စတာကင်တာနားသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စနှင့် အချုပ်အခြာအာဏာကို ထိပါးသည်ဟုသာ ဝေဖန်ပြစ်တင် ပြောဆိုကြသည်ကို တွေ့ရပြီး မစ္စတာကင်တာနား၏ ပြောဆိုချက်များ မည်သို့မည်ပုံ မှားယွင်းနေကြောင်း ဝေဖန်ထောက်ပြထားသည်ကို မတွေ့မိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း မစ္စတာကင်တာနား၏ မှတ်ချက်ပေးစကားအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား သတင်းထောက်တစ်ဦးက မေးမြန်းချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေဆိုချက်ကို ဂျာနယ်များတွင် ကျွန်တော်ဖတ်ရှုခဲ့ရသည်ကို မှတ်မိသမျှ အနည်းငယ် ပြန်လည်ပြောပြလိုပါသည်။
(အကယ်၍ အမှားအယွင်းရှိလျှင် ဒေါ်အောင်ဆန်းစုကြည် ပြင်ပေးပါလိမ့်မည်။)
ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ မေးခွန်းအပေါ် ဖြေကြားရာတွင် -
မစ္စတာကင်တာနားမှာ ဥပဒေပညာရှင်တစ်ဦးဖြစ်ကြောင်း၊ ၄င်း၏ပြောဆိုချက်ကို နားထောင်၍ စဉ်းစားရန်လိုအပ်ကြောင်း၊ မစ္စတာကင်တာနား၏ ပြောဆိုချက်အပေါ် လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မှတ်သားမိပါသည်။
(ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းကို ဖြေဆိုရာတွင် မစ္စတာကင်တာနားအား ထောက်ခံသည့်သဘော၊ ကန့်ကွက်သည့်သဘော လုံးဝမရှိဘဲ သူ၏တင်ပြချက်ကို စဉ်းစားသုံးသပ်ရမည်ဟုသာ ပြောဆိုသွားသည်ကို ကျွန်တော်သတိပြုမိပါသည်။)

နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ အခြေခံ သဘောတရားများ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်း မဆွေးနွေးမီ ရှေ့ကရှိခဲ့သော နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများကို တာဝန်ရှိသူများအားလုံး ကျေညက်အောင် ဦးစွာ လေ့လာရန် လိုအပ်သည်ဟု ကျွန်တော်ထင်ပါသည်။
လူတစ်ဦး နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောကိစ္စဖြစ်၍ အလွယ်တကူ မှတ်ချက်ပေးရန်မသင့်ပါ။ အထူးသဖြင့် လူမျိုးရေးကိုလည်းကောင်း၊ ဘာသာရေးကိုလည်းကောင်း၊ လူအများစု အနေအထားကိုလည်းကောင်း၊ လူနည်းစု အနေအထားကိုလည်းကောင်း အခြေခံ၍ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် ထင်မြင်ချက်ကို ပေးမည်ဆိုလျှင် မှားယွင်းယုံမျှမက ဆိုးဝါးသော နောက်ဆက်တွဲ အကျိုးဆက်များနှင့်သာ ကြုံတွေ့ရမည် ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ဥပဒေ သဘောတရားကို ဆွေးနွေးပြောဆိုလိုပါက လူမျိုးရေး၊ ဘာသာရေး၊ လူနည်းစု၊ လူများစု စသည်တို့အပေါ် အခြေမခံဘဲ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်နှင့် ခေတ်အဆက်ဆက် အတည်ဖြစ်ခဲ့သည့် ဥပဒေ သဘောတရားများအပေါ် အခြေခံ၍ ဆွေးနွေးပြောဆိုကြခြင်းသာလျှင် အသင့်မြတ်ဆုံးဖြစ်မည်ဟု ထင်မြင်ယူဆပါသည်။

နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမိုင်းနောက်ခံ

မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံကို အကျဉ်းချုပ်တင်ပြရပါက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် အခြေခံ လူမျိုးကြီး(၈)မျိုး အခြေစိုက်နေထိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၁၈၂၄ ခုနှစ်တွင် တနသာင်္ရီနှင့် ရခိုင်တို့ အင်္ဂလိပ်လက်အောက်ကျခဲ့ပြီး၊ ၁၈၅၅ ခုနှစ်တွင် ရန်ကုန်၊ ပဲခူး အပါအဝင် မြန်မာပြည်အောက်ပိုင်း အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးမြို့တော် အပါအဝင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျရောက်၍ သီပေါမင်း ပါတော်မူခဲ့ပါသည်။
ထိုအချိန်က မြန်မာနိုင်ငံကို မတရားသိမ်းပိုက်ထားသော အင်္ဂလိပ်အစိုးရက ၄င်းတို့ ဦးစွာ သိမ်းပိုက်ထားပြီးဖြစ်သော အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် မြန်မာနိုင်ငံအား သတ်မှတ်ကာ အုပ်ချုပ်ခဲ့ကြပါသည်။ ၁၉၃၄ ခုနှစ်အထိ မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် အင်္ဂလိပ်တို့က အုပ်ချုပ်ခဲ့ပြီး ခွဲရေးတွဲရေး ပြဿနာတစ်ရပ် ပေါ်ပေါက်လာကာ ၁၉၃၄ ခုနှစ်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံကို အိန္ဒိယပြည်နယ်တစ်ခုအဖြစ်မှ ခွဲထွက်၍ အင်္ဂလိပ်၏ သီးခြားကိုလိုနီနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
အိန္ဒိယ၏ ပြည်နယ်အဖြစ်မှ ခွဲထုတ်ပေးခဲ့သော်လည်း ကျွန်တော်တို့မြန်မာနိုင်ငံသည် အင်္ဂလိပ်၏ ကိုလိုနီနိုင်ငံအဖြစ်ပင် ရှိမြဲရှိနေပါသည်။ 
ထိုသို့ အင်္ဂလိပ်၏ ကိုလိုနီအဖြစ် နှစ်ပေါင်းရာချီ၍ နေထိုင်ခဲ့ကြရပြီးနောက်မှ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ရေးကိစ္စ ဥပဒေရေးဆွဲရာတွင် အလေးအနက် စဉ်းစားရမည့် အကြောင်းအရာများ များစွာရှိခဲ့ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)
{ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၁၄၆) မှ ကူးယူဖော်ပြပါသည်။ }

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ

ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် အာဏာပိုင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆန္ဒနှင့်အညီ ရေး
ဆွဲပြဋ္ဌာန်းခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်စပ်လျဉ်း၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုးကို မီဒီယာများ
မှတစ်ဆင့် ကြားသိနေရသည့်အပြင် ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ကျွန်တော်၏ ထင်မြင်ယူဆချ
က်ကို မကြာခဏ မေးမြန်းခြင်းခံနေရသည့်အတွက် ဤဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်
၊ နှစ်ဆန်းပိုင်းမှစ၍ အကြောင်းဖန်လာပါသည်။
ရှုပ်ထွေးလှသည့်ပြဿနာဖြစ်၍ ထင်မြင်ချက်ပေးရန် ခက်ခဲလှသည့်အပြင် နယ်ပယ်ကဏ္ဍစုံမှ ပုဂ္ဂိုလ်များက
လည်းကွဲပြားခြားနားသည့်ထင်မြင်ချက်အမျိုးမျိုးကိုမီဒီယာများမှတစ်ဆင့်တင်ပြပြောဆိုနေကြသည့်အတွက်
ကျွန်တော်၏ထင်မြင်ချက်ကို ပြောဆိုတင်ပြရန် ပို၍ မဝံ့မရဲဖြစ်မိပါသည်။

ကင်တာနား၏ ယူဆချက်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂမှ ခန့်အပ်ထားသော လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ

သောမတ်စ်အိုဟေးကင်တာနားက မြန်မာနိုင်ငံ၏၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲသင့်
 ကြောင်းအကြံပြုချက်တစ်ရပ်ပေးခဲ့ပါသည်။

ကျွန်တော်မှတ်သားမိသမျှ မစ္စတာကင်တာနားသည် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ

ပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခဲ့သည့်အတွက် မြန်မာနိုင်ငံသားအများစု၏ ယုံကြည်လေးစားခြင်း
ခံရသော ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဟု ဆိုနိုင်ပါသည်။

ကင်တာနားကို ကန့်ကွက်သူများ

မစ္စတာကင်တာနားက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း အကြံပြုတင်ပြ

ချက်အပေါ်လွှတ်တော်အမတ်အနည်းငယ်နှင့် နိုင်ငံရေးပါတီအချို့မှပုဂ္ဂိုလ်များကအပြင်းအထန်ကန့်ကွက်ပြော
ဆိုခဲ့ကြသည်ကို မီဒီယာများမှတစ်ဆင့် ကြားသိရပါသည်။ အချို့သော ကန့်ကွက်သူများက မစ္စတာကင်တာ
နားအား မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်အဖြစ်မှ ဖြုတ်ပစ်သင့်သည်ဟုပင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်
ချ ပြောဆိုခဲ့သည်ကို ကြားသိရပါသည်။

သို့သော်လည်းထိုပုဂ္ဂိုလ်များ၏ ပြောဆိုချက်တွင်မစ္စတာကင်တာနားသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ

္စနှင့် အချုပ်အခြာအာဏာကို ထိပါးသည်ဟုသာ ဝေဖန်ပြစ်တင် ပြောဆိုကြသည်ကို တွေ့ရပြီး မစ္စတာကင်တာ
နား၏ ပြောဆိုချက်များ မည်သို့မည်ပုံ မှားယွင်းနေကြောင်း ဝေဖန်ထောက်ပြထားသည်ကို မတွေ့မိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း မစ္စတာကင်တာနား၏ မှတ်ချက်ပေးစ

ကားအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား သတင်း
ထောက်တစ်ဦးက မေးမြန်းချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေဆိုချက်ကိုဂျာနယ်များတွင်ကျွန်တော်ဖတ်
ရှုခဲ့ရသည်ကိုမှတ်မိသမျှအနည်းငယ် ပြန်လည်ပြောပြလိုပါသည်။(အကယ်၍အမှားအယွင်းရှိလျှင် ဒေါ်အောင်
ဆန်းစုကြည် ပြင်ပေးပါလိမ့်မည်။)

ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ မေးခွန်းအပေါ် ဖြေကြားရာတွင် -မစ္စတာကင်တာနားမှာ ဥပဒေပညာရှင်

တစ်ဦးဖြစ်ကြောင်း၊ ၄င်း၏ပြောဆိုချက်ကို နားထောင်၍ စဉ်းစားရန်လိုအပ်ကြောင်း၊ မစ္စတာကင်တာနား၏
 ပြောဆိုချက်အပေါ် လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မှတ်သားမိပါသည်။

(ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းကို ဖြေဆိုရာတွင်မစ္စတာကင်တာနားအား ထောက်ခံသည့်သဘော၊ကန့်

ကွက်သည့်သဘော လုံးဝမရှိဘဲ သူ၏တင်ပြချက်ကို စဉ်းစားသုံးသပ်ရမည်ဟုသာ ပြောဆိုသွားသည်ကိုကျွန်
တော်သတိပြုမိပါသည်။)

နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ အခြေခံ သဘောတရားများ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်းမဆွေးနွေးမီ ရှေ့ကရှိခဲ့သော နိုင်ငံသားဖြစ်ခြင်းနှင့်သက်ဆိုင်

သည့် ဥပဒေများကို တာဝန်ရှိသူများအားလုံး ကျေညက်အောင်ဦးစွာ လေ့လာရန် လိုအပ်သည်ဟု ကျွန်တော်
ထင်ပါသည်။

လူတစ်ဦး နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် သေရေးရှင်ရေးတမျှ အ

ရေးကြီးသောကိစ္စဖြစ်၍ အလွယ်တကူ မှတ်ချက်ပေးရန်မသင့်ပါ။ 

အထူးသဖြင့် လူမျိုးရေးကိုလည်းကောင်း၊ ဘာသာရေးကိုလည်းကောင်း၊ လူအများစု အနေအထားကိုလည်း
ကောင်း၊လူနည်းစုအနေအထားကိုလည်းကောင်းအခြေခံ၍ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် ထင်မြင်ချက်ကို ပေးမည်ဆိုလျှင်မှားယွင်းယုံမျှမကဆိုးဝါးသော နောက်ဆက်တွဲ အကျိုးဆက်များနှင့်သာ ကြုံ
တွေ့ရမည် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ဥပဒေ သဘောတရားကို ဆွေးနွေးပြောဆိုလိုပါက လူမျိုးရေး၊ ဘာသာ

ရေး၊ လူနည်းစု၊ လူများစု စသည်တို့အပေါ် အခြေမခံဘဲ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်နှင့် ခေတ်အဆက်
ဆက် အတည်ဖြစ်ခဲ့သည့် ဥပဒေ သဘောတရားများအပေါ် အခြေခံ၍ ဆွေးနွေးပြောဆိုကြခြင်းသာလျှင် အ
သင့်မြတ်ဆုံးဖြစ်မည်ဟု ထင်မြင်ယူဆပါသည်။

နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမိုင်းနောက်ခံ

မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံကို အကျဉ်းချုပ်တင်ပြရပါကကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်း

စသည့် အခြေခံ လူမျိုးကြီး(၈)မျိုး အခြေစိုက်နေထိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။၁၈၂၄ ခုနှစ်တွင် တန
သာင်္ရီနှင့် ရခိုင်တို့ အင်္ဂလိပ်လက်အောက်ကျခဲ့ပြီး၊ ၁၈၅၅ ခုနှစ်တွင် ရန်ကုန်၊ ပဲခူး အပါအဝင် မြန်မာပြည်
အောက်ပိုင်း အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးမြို့တော် အပါအဝင် မြန်
မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျရောက်၍ သီပေါမင်း ပါတော်မူခဲ့ပါသည်။

ထိုအချိန်က မြန်မာနိုင်ငံကို မတရားသိမ်းပိုက်ထားသောအင်္ဂလိပ်အစိုးရက၄င်းတို့ ဦးစွာသိမ်းပိုက်ထားပြီးဖြစ်

သော အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် မြန်မာနိုင်ငံအား သတ်မှတ်ကာ အုပ်ချုပ်ခဲ့ကြပါသည်။ ၁၉၃၄ ခုနှစ်အထိ မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် အင်္ဂလိပ်တို့က အုပ်ချုပ်ခဲ့ပြီး ခွဲရေးတွဲရေး ပြဿ
နာတစ်ရပ် ပေါ်ပေါက်လာကာ ၁၉၃၄ ခုနှစ်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံကို အိန္ဒိယပြည်နယ်တစ်ခုအဖြစ်မှ ခွဲထွက်၍ အင်္ဂလိပ်၏ သီးခြားကိုလိုနီနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

အိန္ဒိယ၏ ပြည်နယ်အဖြစ်မှ ခွဲထုတ်ပေးခဲ့သော်လည်း ကျွန်တော်တို့မြန်မာနိုင်ငံသည် အင်္ဂလိပ်၏ ကိုလိုနီနိုင်

ငံအဖြစ်ပင် ရှိမြဲရှိနေပါသည်။ 

ထိုသို့ အင်္ဂလိပ်၏ ကိုလိုနီအဖြစ် နှစ်ပေါင်းရာချီ၍ နေထိုင်ခဲ့ကြရပြီးနောက်မှ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်

လပ်ရေးရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ရေးကိစ္စဥပဒေရေးဆွဲရာတွင်အလေးအနက်စဉ်းစား
ရမည့် အကြောင်းအရာများ များစွာရှိခဲ့ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)
 ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၁၄၆)

Rangonnewsdaily
RND:  :25.5.2013

No comments:

Post a Comment