Pages

Pages - Menu

Friday, May 31, 2013

မုံရွာမြို့ ကန်သာယာကန်အနီးမှ လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆံများတွေ့ရှိ

ယနေ့နံနက်ပိုင်းက မုံရွာမြို့ကွေ့ကြီးရပ်ရှိ ရေကန်ထဲမှ အထုပ်တစ်ထုပ်ထဲတွင် ပေါက်ကွဲစေနိုင်သည့် လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန်များကို တွေ့ရှိကြောင်း မုံရွာခရိုင်ရဲ သတင်းရပ်ကွက်မှ သိရှိရသည်။ ဖြစ်ပွားပုံမှာ ယနေ့နံနက်၇နာရီခွဲက မုံရွာမြို့နေ ကိုကျော်ဆန်းဦးသည် ကွေ့ကြီးရပ်ကွက် အနောက်ဘက် ရေကန်အစပ်တွင် ကန်စွန်းရွက်ဆင်းခူးစဉ် အထုပ်တစ်ထုပ်ကို ခြေထောက်ဖြင့် နင်းမိသဖြင့် ကုန်းပေါ်သို့ ယူဆောင်ပြီး ဖွင့်ကြည့်ရာတွင် လက်ပစ်ဗုံးနှင့် ကျည်ဆန်များကို တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ အဆိုပါနေရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ အပါအဝင် ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာတွင် အထုပ်ထဲမှ တရုတ်နိုင်ငံလုပ် ၉၁ ဗုံးသီး ၂ လုံး၊ ၅.၅၇ကျည် ၁၇ တောင့်နှင့် နိုကီယာအမျိုးအစား ဓာတ်ခဲနှင့် ဆင်းကတ်မပါသည့် ဖုန်းဟန်းဆက်တစ်လုံးတို့ကို တွေ့ရှိခဲ့သည်။

မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် ထားရှိထားသည် အစရှိသည့် အချက်အလက်များကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် ဗုံးသီးနှင့် ကျည်တို့ကို ခမရ ၁၆ မှ တာဝန်ရှိသူတို့က သိမ်းဆည်းထားကြောင်း သိရှိရသည်။

Mizzima - News ,Rangonnewsdaily
RND:  :30.5.2013

No comments:

Post a Comment