Pages

Pages - Menu

Monday, May 27, 2013

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ၂ဝ၁၃ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲ များမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်။
အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာ များနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင် နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။
စာမေးပွဲအမျိုးအစား - Network Associate Examination (NA)
စာမေးပွဲကျင်းပမည့်နေ့ - ၂ဝ၁၃ ခုနှစ်၊ ဇွန်လ (၁၆) ရက် (တနင်္ဂနွေနေ့)
စာမေးပွဲပြုလုပ်မည့်အချိန် - နံနက် (၉း၀၀) နာရီမှ နေ့လယ် (၁၂း၀၀) နာရီအထိ
နောက်ဆုံးစာရင်းပေးရမည့်နေ့ - ၂ဝ၁၃ ခုနှစ်၊ ဇွန်လ (၁၂) ရက် (ဗုဒ္ဓဟူးနေ့)
စာမေးပွဲကြေး - ၅ဝဝဝ ကျပ်(MCPA အသင်းဝင်များအား ၁ဝ% Discount ပေးပါမည်။)
ကျင်းပမည့်နေရာ - Conference Hall, MICT Park, လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆/၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 Rangonnewsdaily
RND:  :27.5.2013

No comments:

Post a Comment