Pages

Pages - Menu

Wednesday, May 15, 2013

အထပ်မြင့် အဆောက် အအုံများ မီးခိုးထုတ် စနစ် အားနည်းပြီး အရည်အသွေး မမီသော ၀ါယာများ အသုံးပြုနေ

အထပ်မြင့် အဆောက် အအုံများ မီးခိုးထုတ် စနစ် အားနည်းပြီး အရည်အသွေး မမီသော ၀ါယာများ အသုံးပြုနေ

မြန်မာ နိုင်ငံရှိ ကန်ထရိုက်တိုက် အထပ်မြင့် အဆောက်အအုံ များတွင် မီးခိုးထုတ် စနစ် ထားရှိမှု မရှိသောကြောင့် မီးလောင် သေဆုံးမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အထပ်မြင့် အဆောက်အအုံ များတွင် တပ်ဆင် အသုံးပြုလျက် ရှိသော ၀ါယာကြိုး များမှာ စံချိန်စံညွှန်း မမီသော ပစ္စည်းများကို အသုံးပြုလျက် ရှိနေပြီး ဆောက်လုပ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် ညီညွတ်မှု မရှိကြောင်း ၀ါရင့် ဆောက်လုပ်ရေး စီမံကိန်း အင်ဂျင်နီယာ တစ်ဦးက ပြောဆိုသည်။

အများအားဖြင့် အထပ်မြင့် အဆောက်အအုံ များတွင် မီးခိုးထုတ် စနစ် မရှိသလောက် ဖြစ်နေသောကြောင့် တိုက်ခန်းများ မီးလောင်ကျွမ်း ပါက အတွင်းရှိ လူများမှာ မီးခိုး မွှန်ပြီး သေဆုံးရသည့် အပြင်၊ အဆောက်အအုံ ဒီဇိုင်းများ၊ အခန်း ဖွဲ့စည်းပုံ၊ ရေဆိုးထုတ် စနစ်၊ မိလ္လာ တည်ဆောက်ပုံ အခန်း စနစ်များမှာ အဆောက်အအုံ ဆိုင်ရာ စည်းကမ်း ချက်များနှင့် မကိုက်ညီကြောင်း ကျွမ်းကျင် အင်ဂျင်နီယာ တစ်ဦးက သုံးသပ် ပြောဆိုသည်။

မြန်မာ နိုင်ငံတွင် အဆောက်အအုံ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို သက်ဆိုင်ရာ ဌာန အသီးသီးက ထုတ်ပြန် ထားသော်လည်း ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်း ဆောင်ရွက် မှု အားနည်းခြင်းကြောင့် အဆောက်အအုံ စစ်ဆေးခြင်း များတွင် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။ အဆောက်အအုံ ဆိုင်ရာ လိုက်နာရမည့် ဥပဒေ ပြဋ္ဌာန်းရန် ရှိသော်လည်း ကြန့်ကြာမှုများ ရှိနေသေးသည်။ နိုင်ငံတကာ အဆောက်အအုံ ဆိုင်ရာ ဥပဒေများတွင် လုံခြုံ စိတ်ချရမှု အပြင် အနုပညာ ပစ္စည်းများ ကိုပါ ထည့်သွင်းဆောက်လုပ် ရမည်ဟု ပြဋ္ဌာန်း ထားကြောင်း သိရသည်။
မြ၀တီ

မြန်မာ နိုင်ငံရှိ ကန်ထရိုက်တိုက် အထပ်မြင့် အဆောက်အအုံ များတွင် မီးခိုးထုတ် စနစ် ထားရှိမှု မရှိသော
ကြောင့်မီးလောင် သေဆုံးမှုများရှိနေသည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရန်ကုန်တိုင်း ဒေသကြီးမှတာဝန်
ရှိသူ တစ်ဦးက ပြောဆိုသည်။ အထပ်မြင့် အဆောက်အအုံ များတွင် တပ်ဆင် အသုံးပြုလျက် ရှိသော ၀ါယာကြိုး များမှာ စံချိန်စံညွှန်း မမီ
သောပစ္စည်းများကိုအသုံးပြုလျက်ရှိနေပြီး ဆောက်လုပ်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်ညီညွတ်မှုမရှိ
aကြာင်း ၀ါရင့် ဆောက်လုပ်ရေး စီမံကိန်း အင်ဂျင်နီယာ တစ်ဦးက ပြောဆိုသည်။

အများအားဖြင့် အထပ်မြင့် အဆောက်အအုံ များတွင် မီးခိုးထုတ် စနစ် မရှိသလောက် ဖြစ်နေသောကြောင့် တိုက်ခန်းများ မီးလောင်ကျွမ်း ပါက အတွင်းရှိ လူများမှာ မီးခိုး မွှန်ပြီး သေဆုံးရသည့် အပြင်၊ အဆောက်အအုံ ဒီဇိုင်းများ၊ အခန်း ဖွဲ့စည်းပုံ၊ ရေဆိုးထုတ် စနစ်၊ မိလ္လာ တည်ဆောက်ပုံ အခန်း စနစ်များမှာ အဆောက်အအုံ ဆိုင်ရာစည်းကမ်းချက်များနှင့်မကိုက်ညီကြောင်းကျွမ်းကျင်အင်ဂျင်နီယာတစ်ဦးကသုံးသပ် ပြောဆိုသည်။

မြန်မာ နိုင်ငံတွင်အဆောက်အအုံဆိုင်ရာစည်းမျဉ်းစည်းကမ်း များကို သက်ဆိုင်ရာဌာနအသီးသီးကထုတ်ပြန်
ထားသော်လည်းဌာနဆိုင်ရာအချင်းချင်းပူးပေါင်း ဆောင်ရွက် မှု အားနည်းခြင်းကြောင့် အဆောက်အအုံ စစ်
ဆးခြင်း များတွင် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။ 
 
အဆောက်အအုံ ဆိုင်ရာ လိုက်နာရမည့် ဥပဒေ ပြဋ္ဌာန်းရန် ရှိသော်လည်း ကြန့်ကြာမှုများ ရှိနေသေးသည်။
နိုင်ငံတကာအဆောက်အအုံဆိုင်ရာဥပဒေများတွင်လုံခြုံ စိတ်ချရမှု အပြင် အနုပညာ ပစ္စည်းများကိုပါ ထည့်
သွင်းဆောက်လုပ် ရမည်ဟု ပြဋ္ဌာန်း ထားကြောင်း သိရသည်။

မြ၀တီ , Rangonnewsdaily
RND:  :15.5.2013

No comments:

Post a Comment