Pages

Pages - Menu

Thursday, May 9, 2013

သာကေတမြို့နယ်၊၅ ရပ်ကွက်၊၅ ကွေ့မှတ်တိုင်၊ရှုခင်းသာ မြို့ပတ်လမ်းမပေါ်တွင် ယနေ့မနက် ၄နာရီခွဲ့ခန့်က ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွား

မေ ၉ ရက် နံနက်က သာကေတမြို့နယ် ငါးကွေ့မှတ်တိုင်တွင် ကွန်တိန်နာတင်ယာဉ်နှစ်စီး တိုက်မိရာ တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ ၅ ကွေ့မှတ်တိုင်၊ ရှုခင်းသာ မြို့ပတ်လမ်းမပေါ်တွင် မေလ ၉ ရက်နံနက် ၄ နာရီ ၃၀ မိနစ် ၀န်းကျင်က ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားရာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါပုံမြို့နယ်ဘက်မှ သန်လျင်တံတားဘက်သို့ ရှုခင်းသာ မြို့ပတ်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၁စ/၂၃၇၆ ကွန်တိန်နာတင်ယာဉ်သည်  ရှုခင်းသာ အိမ်ယာရှေ့ရှိ ငါးကွေ့မှတ်တိုင် အရောက်တွင် မော်တော်ယာဉ်ငယ် တစ်စီးအား ရှောင်လိုက်ရာတွင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ၂က/၂၁၅၂ ကွန်တိန်နာတင်ယာဉ်ဖြင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။				

"လေးနာရီခွဲလောက်က ၀ုန်းကနဲ အသံကြားလို့ ထကြည့်တော့ အခုလို ယာဉ်နှစ်စီးတိုက်တာ တွေ့ရတယ်။ ခေါင်းကြေသွားတဲ့ မော်တော်ယာဉ်ပေါ်က သူတစ်ဦးတော့ ဒဏ်ရာရသွားလို့ ဆေးရုံကို တက္ကစီနဲ့ပို့တာ မြင်လိုက်ရတယ်။ လူသေတာတော့ မရှိပါဘူး" ဟု အနီးတွင် ကွမ်းယာရောင်းချသူ အမျိုးသား တစ်ဦးက ပြောသည်။

"ဘေးမှာရှိတဲ့ ကားငယ်ကို ရှောင်ရင်း ဟိုဘက်ကလာတဲ့ ကွန်တိန်နာနဲ့ တိုက်မိတာ။ မျက်နှာချင်းဆိုင် တိုက်တာမဟုတ်ဘူး။ ဟိုဘက်ကကားရဲ့ နောက်ကြည့်မှန်နဲ့ ကွန်တိန်နာပုံးကို တိုက်မိတာ" ဟု ဖြစ်စဉ်အနီးတွင်ရှိသည့် တက္ကစီယာဉ်မောင်း တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးသာကေတမြို့နယ်၊၅ ရပ်ကွက်၊၅ ကွေ့မှတ်တိုင်၊ရှုခင်းသာ မြို့ပတ်လမ်းမပေါ်တွင်
မေလ ၉ ရက်နံနက် ၄ နာရီ ၃၀ မိနစ် ၀န်းကျင်က ကွန်တိန်နာယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားရာ တစ်ဦး ဒဏ်
ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒေါပုံမြို့နယ်ဘက်မှ သန်လျင်တံတားဘက်သို့ ရှုခင်းသာ မြို့ပတ်လမ်းမကြီးအတိုင်း မောင်းနှင်
လာသည့် ယာဉ်အမှတ် ၁စ/၂၃၇၆ ကွန်တိန်နာတင်ယာဉ်သည် ရှုခင်းသာ အိမ်ယာရှေ့ရှိ ငါးကွေ့မှတ်တိုင် အရောက်တွင် မော်တော်ယာဉ်ငယ် တစ်စီးအား ရှောင်လိုက်ရာတွင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာ
သည့် ၂က/၂၁၅၂ ကွန်တိန်နာတင်ယာဉ်ဖြင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ 
 
"လေးနာရီခွဲလောက်က ၀ုန်းကနဲ အသံကြားလို့ ထကြည့်တော့ အခုလို ယာဉ်နှစ်စီးတိုက်တာ တွေ့ရတယ်။
 ခေါင်းကြေသွားတဲ့ မော်တော်ယာဉ်ပေါ်ကသူတစ်ဦးတော့ ဒဏ်ရာရသွားလို့ ဆေးရုံကို တက္ကစီနဲ့ပို့တာ မြင်
လိုက်ရတယ်။ လူသေတာတော့ မရှိပါဘူး" ဟု အနီးတွင် ကွမ်းယာရောင်းချသူ အမျိုးသား တစ်ဦးက ပြော
သည်။
 
"ဘေးမှာရှိတဲ့ ကားငယ်ကို ရှောင်ရင်း ဟိုဘက်ကလာတဲ့ ကွန်တိန်နာနဲ့ တိုက်မိတာ။ မျက်နှာချင်းဆိုင် တိုက်
တာမဟုတ်ဘူး။ ဟိုဘက်ကကားရဲ့ နောက်ကြည့်မှန်နဲ့ ကွန်တိန်နာပုံးကို တိုက်မိတာ" ဟု ဖြစ်စဉ်အနီးတွင်ရှိ
သည့် တက္ကစီယာဉ်မောင်း တစ်ဦးက ပြောသည်။ 
 
Eleven Media , Rangonnewsdaily
RND:  :9.5.2013

No comments:

Post a Comment