Pages

Pages - Menu

Saturday, May 25, 2013

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့်တပ်ရင်းတစ်ရင်း တိုးချ

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။ ယခု တိုးချဲ့ချလိုက်သော ဘီဂျီဘီ တပ်ရင်းမှာ အမှတ် (၅၀) ဖြစ်ပြီး မေလ ၂၂ ရက်နေ့က တပ်ရင်း ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ အကြီးအကဲ တပ်မှူး ဗိုလ်မှူးချုပ် အာဇစ် အာမတ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ တပ်ရင်း၏ အခြေစိုက်ရာ နေရာမှာ ရာမူးမြို့နယ် ရာဇကူ ဧရိယာတွင် ဖြစ်သည်။

ယခုကဲ့သို့ တိုးချဲ့ ချလိုက်သဖြင့် မောင်တောမြို့နယ် တစ်ခုတည်းနှင့် ဆက်စပ်နေသော ဘင်္ဂလာဒေခ်ျ့နယ်စပ် တလျှောက်တွင် နယ်ခြားစောင့် Border Guard Bangladesh တပ်ရင်း (၄) ခုရှိသွားပြီ ဖြစ်သည်။

၎င်းတပ်ရင်းများမှာ တက်နက်မြို့တွင် အမှတ် ၄၂ တပ်ရင်း၊ ကော့စ်ဘဇားမြို့တွင် အမှတ် ၁၇၊ နတ်ကျောက်ဆရီမြို့နယ်တွင် အမှတ် ၃၁ တပ်ရင်း နှင့် ယခု အမှတ် ၅၀ တပ်ရင်းတို့ ဖြစ်ကြသည်။

တပ်ရင်း တိုးချရခြင်းသည် မူးယစ်ဆေးဝါး၊ လက်နက် မှောင်ခိုနှင့် လူကုန်ကူမူ၊ နယ်စပ် ဖြတ်ကျော် ၀င်ထွက်သွားလာနေသော လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နှင်းရန် အတွက် ရည်ရွယ်သည်ဟု ဘီဂျီဘီ အာဏာပိုင်များက ဆိုသည်။
Narinjara Media , Rangonnewsdaily
RND:  :25.5.2013

No comments:

Post a Comment