ထိုင်းလေကြောင်းခရီးဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လိုက်ပါမည့်
ခရီးသည်ညီညီမြင့်သိန်း (ခ) ညီညီလွင် ထံမှ ဘိန်းဖြူ ၈ ဒသမ ၂ ဂရမ်ကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်
ပြည်ပထွက်ခွာ အောက်ထပ် (Main X Ray) စက်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ
စစ်ဆေးနေစဉ် ထိုင်းလေကြောင်း ခရီးစဉ်အမှတ် (TG 30444) ဖြင့် ထိုင်းနိုင်ငံ
ဗန်ကောက်မြို့သို့ လိုက်ပါမည့် ညီညီမြင့်သိန်း(ခ) ညီညီလွင် ဝတ်ဆင်ထားသည့်
ဘောင်းဘီဝဲဘက် အိတ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၄ ဂရမ်၊ ၎င်း၏
ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူ ၄ ဂရမ်ခန့်၊ မျက်မှန်ဘူးအတွင်းမှ ဘိန်းဖြူ ၁
ဒသမ ၂
ဂရမ်ခန့်၊ သုည ဒသမ ၆ ဂရမ်ခန့်ပါ အထုပ်တစ်ထုပ်၊ ပိုက်ဆံအိတ် အတွင်းမှ
ဘိန်းဖြူတစ်ဂရမ် စုစုပေါင်း အလေးချန် ၈ ဒသမ ၂ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိ
ဖမ်းဆီးရမိခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင်
ဖော်ပြထားပါသည်။
Myawady News, Rangonnewsdaily
RND: :5.5.2013
RND: :5.5.2013
No comments:
Post a Comment