Pages

Pages - Menu

Saturday, May 4, 2013

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်ကျပ်ထားတဲ့ ကြားထဲက တွဲထိန်းဝန်ထမ်းအယောင်ဆောင်တစ်ဦးဖမ်းဆီးရမိ

Saturday, May 4,2013

မန္တလေးဘူတာကြီးမှာ လုံခြုံရေးတင်းကျပ်ထားချိန် ၀န်ထမ်းအယောင်ဆောင်သူတစ်ဦး ဟာ ဧပြီ ၂၉ရက်နေ့ မနက်(၉)နာရီ ခန့်အချိန်မှာ ဘူတာကြီးတောင်ဘက်ခြမ်းကနေ ကန့်သတ်နယ်မြေ ထဲကို ၀င်ရောက်လာပါတယ်။ အဆိုပါဝင်ရောက်လာသူဟာ တွဲထိန်းယူနီဖောင်းအထက်ပြာ အောက် ပြာ ၀တ်ဆင်ထားပြီး လက်ထဲမှာလည်း လက်မှတ်ရောင်းတဲ့ (Chart Book) ကို ကိုင်ထားတယ်လို့ သိရ တယ်။ ရထားရဲတပ်ဖွဲ့ ဒုရဲအုပ်မြင့်ဝေ ဦးဆောင်တဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ၄င်းကို ခေါ်ယူ စစ်ဆေးကြည့်တဲ့အခါ မီးရထားဝန်ထမ်းမဟုတ်ပဲ ဦးတောင်စုံနိုး အသက်(၃၂)နှစ် အလုပ်အကိုင် (ကျပန်း) ပြည်ကြီးတံခွန်မြို့နယ်နေသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ 
အဆိုပါ တွဲထိန်း ၀န်ထမ်းအယောင်ဆောင်သူကို ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်ပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးသို့ စွဲချက် တင်ထားတယ်လို့ မီးရထားရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မြန်မာဓိကကို ပြောပါတယ်။

ခင်ဘုန်းဝေဇော်
မြန်မာဓိက , Rangonnewsdaily
RND:  :4.5.2013

No comments:

Post a Comment