ရန်ကုန်၊
မေ ၅ သိမ်းဆည်းခံထားရသော သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊
၂၊ ၃ ရပ်ကွက်အား
ပြန်လည်ရရှိရန် သိမ်းဆည်းခံရသူများကယနေ့နံနက်၈နာရီတွင်
လေးဒေါင့်ကန်လမ်းမှ ဘောက်ထော်ပြည်
သာယာလမ်းအထိ စီတန်းလှည့်
လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ``ကျွန်တော်တို့နေရာတွေကို ဥပဒေမဲ့
သိမ်း
ယူထားတဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာပါ။ ဒီနေရာကို ပြန်မရမချင်း
ဆန္ဒထုတ်ဖော်သွားမှာပါ။ လိုအပ်ရင် နေပြည်တော်အထိ သွားဖို့ရှိပါတယ်´´ဟု
ဆန္ဒ
ထုတ်ဖော်မှုတာဝန်ခံ ဦးစိန်သန်းကပြော သည်။ အဆိုပါ မိကျောင်းကန်
ရပ်ကွက်အား ၁၉၉၁ ခုနှစ်တွင် ခတ္တ
တပ်မ ၂၂ မှ လာရောက်သိမ်းဆည်းခဲ့ခြင်းဖြစ်ြေ ကာင်း မဖယ်ပေးသည့် သူများကိုလည်း အင်းစိန်ထောင်သို့ပို့
မည်ဟု လက်နက်ပြခြိမ်းခြောက်ခဲ့ကြသည်ဟု
ဦးစိန်သန်းက ဆက်လက်ပြောသည်။
``အဲဒီတုန်းက ရပ်ကွက်မှာနေခဲ့တဲ့သူတွေကို
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ပဲခူးရိုးမ အစပ်ဖြစ် တဲ့
အေးသုခကို ပို့ခဲ့တယ်။ အရင်တုန်းကပြောဖို့အခွင့်မသာခဲ့ လို့
မပြောခဲ့ရဘူး။ အခုလို ဒီမိုကရေ
စီခေတ်မှ ပွင့်လင်းမြင်သာလာတဲ့အတွက်
ကျွန်တော်တို့ရဲ့ နစ်နာမှုတွေကို ထုတ်ဖော်ရတာပါ´´ဟု ဆန္ဒထုတ်
ဖော်သူ
ကိုနောင်နောင်က ပြောသည်။
မိကျောင်းကန်ရပ်ကွက် ပြန်လည်ရရှိရန်အတွက်
ဇန်န၀ါရီ ၂၇ ရက် မတ်လ ၃ ရက်နှင့် မေ ၅ ရက်တို့တွင် ၃ ကြိမ်
ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ပေါ်ပြုလာမြန်မာ , Rangonnewsdaily
RND: :5.5.2013
RND: :5.5.2013
No comments:
Post a Comment