Pages

Pages - Menu

Wednesday, May 1, 2013

ဥက္ကံမြို့သို့ ယနေ့ညပိုင်းကသတင်းယူဖို့ရောက်သွားခဲ့တဲ့သတင်းသမားတစ်ဦးရဲ့ မှတ်ချက်စကား

ဧပြီ 30 ဥက္ကံ.................
ဥက္ကံမြို့စသို့ ယနေ့ညပိုင်းကသတင်းယူဖို့ရောက်သွားခဲ့တဲ့သတင်းသမားတစ်ဦးရဲ့ မှတ်ချက်စကားလေး
ကိုတင်ပေးလိုက်ပါတယ်။မြို့ထဲစ၀င်တော့ ဗလီတစ်လုံးပျက်ပြီ... ဆက်သွားတော့ ရဲစခန်းကြီးရှေ့က ဈေး
ဆိုင်ခန်းတွေအမှိုက်ပုံဖြစ်နေ။ မီးလောင်နေဆဲ မြို့ပြင် ကုလားသုံးရွာဖက်ဆက်သွားတော့ မီးသတ်ကားဝင်
မယ့်နေရာမတွေ့လို့ တိုင်ပတ်နေကြ။ ၀င်မရတဲ့အဆုံး ကားလမ်းနဲ့နီးစပ်ရာမှာလောင်နေတဲကောက်ရိုးပုံမီး


ကို ငြိမ်းသတ်ခဲ့ကြ။ ရဲတပ်ရင်းရောက်လာ။ ရွာထဲဝင်။ ကပ်လိုက်သွား။အဲ့ဒီရွာတစ်ဖက်ကမ်းက ရွာနှစ်ရွာက မီးအလောင်ဆုံးဖြစ်။ တံတားမရှိ။ လှေမတွေ့။
ရဲတပ်ဖွဲ့တွေ ချောင်းကိုဝါးစည်းနဲ့ ဖြတ်ကူးပြီးတက်သွားတဲ့အဲဒီရွာကို နောက်ဆုံးအသုတ်အဖြစ်ကိုယ်တို့လည်း
ကူးရ။ ရောက်တော့ ရွာလုံးကျွတ်မီးလောင်ပြင်ထဲမှာချီတက်သွားတဲ့ ရဲတပ်ဖွဲ့ကိုအစအနရှာမရတော့။ ဂျေ
မောင်မောင်(အမရပူရ)နဲ့ ကျနော် နှစ်ကောင်သား တ၀ုန်းဝုန်းလဲပြိုနေတဲ့ မီးလောင်အိမ်တိုင်တွေကြားမှာ ည ၈ နာရီ။

ပြန်ဆုတ်မယ်အလုပ်မှာ အိမ်မရှိတော့တဲ့ကုလားတွေက မီးပုံကြားလမ်းပြပေးကြ။မိန်းမတွေငိုယိုနေ။ဆိတ်က
လေးတစ်ကောင် ကိုယ်တို့နောက်လိုက်လာ။ ရီစရာတစ်ခုတွေ့။အိမ်မရှိတော့လို့ လယ်ကွင်းထဲထိုင်နေတဲ့
ကုလားလေးဦး နိုင်ငံရေးအကြောင်း ငြင်းခုန်နေကြ။နောက်ကပါလာတဲ့ဆိတ်ကလေးကို သူတို့လက်ထဲအပ်
ခဲ့။

ရဲတပ်ဖွဲ့နဲ့လမ်းကွဲသွား။မီးပုံတွေကြားကုလားတွေကြားဘယ်သွားရမှန်းမသိ။ဘယ်သူမှအန္တရာယ်မပြု။တခြား
ရွာမှာ လှေရှိတယ်ပြော။ လိုက်ပို့ပေးကြ။ ရောက်တော့လှေကပေါက်နေ။ ကမ်းစပ်တလျှောက် ဖောင်လိုက်
ရှာ။ ၀ါးလုံးစည်းနှစ်စည်းသာတွေ့။လိုက်ပို့မယ့်သူမရှိ။ လှည့်ပြန်သွားကြ။ စိတ်ညစ်ညစ်ဖြင့် မီးလောင်ပုံထဲ
လျှောက်ရင်းကမ်းစပ်မှာ ကုလားအဘိုးကြီးတစ်ဦးတွေ့။ လိုက်ပို့ရန် အကူအညီတောင်းရ။နှစ်စည်းထပ်ကာ
ဂျေမောင်မောင်နဲ့ သူ့ရဲ့ 5D မတ်သရီးတစ်လုံး၊ 7D နှစ်လုံးကို အရင်ပို့ရ။

ကိုယ့်အလှည့်ရောက်တော့ ကံဆိုးရ။ ကမ်းကစထွက်ပြီး ရေလယ်မရောက်ခင် ၀ါးလုံးစည်းနှစ်ခု ပြေလို့ ရေထဲ ကျွမ်းပစ်ကျ။ အရပ်မလွတ်တဲ့ရေမှာ ၀ါးလုံးစည်းကိုပြန်ချိတ်ရ။ထို့နောက် ကမ်းပြန်ရောက်။ တစ်ဖက်ကမ်းက
ကုလားတစ်ဦး အကူအညီနဲ့ သူုတို့ရွာကိုဖြတ်။

ရေဆာလွန်းသဖြင့် လမ်းက အမီနာလေး သုံးဦးဆီမှာ ရေတောင်းသောက်ရ။ ရွာထဲဖြတ်စဉ်နောက်မှ ဓာတ်
မီးဖြင့် ပြေးလိုက်လာ။ဝင်ခုတ်ပဟဆိုကာ နှလုံးခုန်ရပ်မတတ်။သို့သော်မ်းကြုံလိုက်ခွင့်တောင်းသော ကုလား
ဖြစ်နေ။မခေါ်နိုင်ဆိုကာထားခဲ့။ ရွာပြင်ရောက်သော်လိုက်ပို့သူကုလားကဓာတ်မီးကိုပါပေးလိုက်သဖြင့်လယ်
ကွင်းပြင်ဖြတ်တာ အဆင်ပြေရ။

မြို့ထဲရောက်သည်အထိ တစ်ကိုယ်လုံးရွှဲစိုနေ။ ရပ်ကွက်တိုင်းမှာ တုတ်ကိုင်ကင်းစောင့်နေကြ။ရဲတပ်ရင်းများ
ရောက်ရှိ။ စစ်သားများလည်းတွေ့။ ၁၈၈ ထုတ်ပြန်ထား။ ယနေ့အဖို့ငြိမ်။မည်သို့ပင်ဆိုစေကာမူ.......
အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဥက္ကံသို့ သွားရောက်သတင်းယူခဲ့တဲ့ ကို (Jmaungmaung Amarapura),

အဘ ဥက္ကာကိုကို တို့ရဲ့ ဥက္ကံမြို့အခြေနေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
(Jmaungmaung Amarapura),

အဘ ဥက္ကာကိုကို

No comments:

Post a Comment