Pages

Pages - Menu

Wednesday, May 1, 2013

ရခိုင် အစီရင်ခံစာဟာ ပြည့်စုံမှု မရှိကြောင်း AI အဖွဲ့ကြီးက ဝေဖန်

Wednesday,May 01,2013

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေဗျနဲ့ တခြားနိုင်ငံတွေမှာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ပြဿနာတွေရှိနေကြောင်း ဖေါ်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှာ ဇွန်လကစတင်ပြီး ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ချိုးဖေါက်မှုတွေ တိုးပွားလာတဲ့အတွက် စိုးရိမ်ဖွယ်အခြေအနေမှာရှိနေကြောင်း ဖော်ပြထားပါတယ်။

အလားတူ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) ကလည်း ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေးကော်မတီရဲ့ အစီရင်ခံစာဟာ ပြည့်စုံလုံလောက်မှုမရှိပဲ၊ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖော်ပြမထားတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ပေါ်ပေါက်လာဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။

အစီရင်ခံစာပါ တချို့အချက်တွေဟာ အပြုသဘောဆောင်ပေမယ့် ချို့ယွင်းချက်တွေ အတော်များများေ
တွ့ရကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေနဲ့ ပတ်သက်ပြီး အရေးယူမစုံစမ်းပဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေတိုးချဖို့ တိုက်တွန်းထားတာဟာ ချိုးဖောက်မှုတွေ ပိုပြီးဖြစ်လာစေနိုင်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အာရှတိုက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အစ္စဘယ်လာအာရာဒန်က ပြောပါတယ်။

RFA (Burmese) , Rangonnewsdaily
RND:  :1.5.2013

No comments:

Post a Comment