Pages

Pages - Menu

Saturday, May 11, 2013

ဆိုက်ကလုန်းမုန်တိုင်း 01B13 နှင့်ပတ်သတ်ပြီး (၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် သတင်းထုတ်ပြန်ချက်

01B13 ဟာ အမည်တပ် မုန်တိုင်း MAHASEN (Name origin: Sri Lanka) ဖြစ်လာခဲ့ပါပြီ။အာလုံး…အားလုံးဟာ အခုအချိန်အထိ ကြိုတင် မျှောင်လင့်ထားခဲ့တဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ပါဘဲ။ (၁၁-၅-၂၀၁၃)ရက်နေ့ (၁၂)နာရီခွဲအချိန်တိုင်းတာချက်မှာ
(၁) TC 01B ဟာ Mahasen လို့အမည်တပ်မုန်တိုင်းဖြစ်လာခဲ့ပါတယ်။ (၂) Mahasen ဟာ (၁၆-၅-၂၀၁၃) နေ့လည်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့
အနီးက ဖြတ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
(၃) မုန်တိုင်းရဲ့ အချင်းဝက်ဟာ မိုင်(၁၁၀-၁၃၀)ခန့်ရှိနေလို့ စစ်တကောင်းမြို့အနီးကဖြတ်ပေမယ့် မုန်တိုင်းရဲ့ အန္တရယ်များတဲ့ညာဖက်စက်ဝိုင်းခြမ်း (Dangerous Right Hand Semicircle) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို ဖြတ်ကျော်မှာမို့ မောင်တောမြို့ဟာ လေဒဏ်(တစ်နာရီ ၁၀၀ -၁၀၅ မိုင်နှုန်း)၊ ရေဒဏ် (မုန်တိုင်းဒီရေအမြင့် ၅-၇ ပေခန့်၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁၅ ပေခန့်) ကြုံတွေ့ရစေနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
Rangonnewsdaily
RND:  :11.5.2013

No comments:

Post a Comment