တန်ဖိုးနည်း Sim Card များ အပေါ် ပြည်သူတို့ အမြင်
"ကျနော့်နာမည်နဲ့ ၁၉၉၅ လောက်က နိုင်ငံတော်က GSM တစ်လုံးချပေးတယ်၊
ဆက်သွယ်ရေးကို ၅ သိန်းကျပ်သွင်းရတယ်လေ၊ ကျနော်ကလည်း ၀န်ထမ်းဆိုတော့
အသုံးလိုမဲ့ ဘုရင့်နောင်ပွဲရုံက ကျနော့ သူငယ်ချင်း တသ်ယောက်ကို ၄၃ သိန်းနဲ့
ရောင်းလိုက်တယ်၊ ခု အဲ့ဒီသူငယ်ချင်းကို အားနာနေမိပေမဲ့၊ သူကတော့ ကျနော်
ခင်ဗျားဆီက ၀ယ်လိုက်တဲ့ ဖုန်းနဲ့ စီးပွားရှာနေတာပဲဗျာ၊ အားနာနေစရာ
မလိုပါဘူး ဆိုလို့ တော်ပါသေးရဲ့ဗျာ" လို့ အငြိမ်းစား ဒု/ညွှန်မှူးတစ်ဦးက
ပြောသည်။ ကွန်ပျူတာ
တက္ကသိုလ်ကျောင်းသား တစ်ဦးက " သတင်းအချက်အလက် နည်းပညာ တိုးတက်နေတဲ့ခေတ်မှာ
ပြည်သူတွေဆီမှာ ဖုန်းရှိသင့်ပါတယ်၊ ဒါမှ ကောလဟာလတို့ သတင်းမှားတို့
မယုံကြည်ကြတော့ဘဲ တိုင်းပြည် အေးချမ်းဖို့ တစ်ဖက်တစ်လမ်းက အထောက်ကူဖြစ်မယ်
ထင်တယ် " ဟု အင်တာနတ် သတင်းစဉ်သို့ ပြောကြားသည်။
"
ဖုန်းတွေပေါလာမယ်၊ Handset တွေ များလာမယ်၊ အကျိုးရှိတဲ့ နေရာတွေ မသုံးဘဲ
တလွဲအသုံးအချဖို့ အတွက် ပြည်သူတွေမှာ Ethic ရှိမယ်ဆိုရင် ကောင်းတာပေါ့ဗျာ၊
အဲ့ဒီလို ethic တွေရှိဖို့လည်း နိုင်ငံပိုင် media တွေ ပြည်သူတွေ
အတုယူလေးစားရတဲ့ အနုပညာရှင်တွေ အနေနဲ့ ရုပ်ရှင်မှာပဲ ဖြစ်ဖြစ် ပြည်သူတွေကို
ပညာပေးသင့်တယ် " လို့ အငြိမ်းစား ပညာရေးမှူး ဦးမောင်လွင်မှ ပြောသည်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှု ၏ ပြယုဒ်တစ်ခု အဖြစ် Phone များကို
မြန်မာနှစ်သစ် အခါသမယတွင် ပြည်သူများသို့ ကျယ်ကျယ်ပြန့်ပြန့်
ရောင်းချနိုင်မှုအပေါ် အင်တာနတ် သတင်းစဉ် ၀ိုင်းတော်သားများမှ
ကြိုဆိုလိုက်ပါသည်။
(အင်တာနတ် သတင်းစဉ်), Rangonnewsdaily
RND:6.4.2013
No comments:
Post a Comment