Pages

Pages - Menu

Saturday, April 6, 2013

ဘာသာရေး အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရန် ရှေ့နေကြီး ဦးသန်းတင်ရဲ့ အမြင် Interview, သတင်းဆောင်းပါး

ဘာသာရေး အဆောက်အအုံများ ကာကွယ် စောင့်ရှောက်ရန် ရှေ့နေကြီး ဦးသန်းတင်ရဲ့ အမြင်
Interview, သတင်းဆောင်းပါး

ဧပြီ ၅၊ ၂၀၁၃
M-Media
ဆူးထက်

OLYMPUS DIGITAL CAMERA

ရန်ကုန် ။       ။    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော် နှင့် ဘာသာရေးစာသင်ကျောင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး ဥပဒေရှုထောင့်အမြင်ဖြင့် သိရှိနိုင်စေရန် ရည်ရွယ်၍ အသက် (၉၂)အရွယ် ရှိပြီ ဖြစ်သော တရားရုံးချုပ် လွှတ်တော်ရှေ့နေကြီး ဦးသန်းတင်အား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

“ဒီ ဗလီဝတ်ကျောင်းတော်တွေဟာ ဟိုးအင်္ဂလိပ်ခေတ် လက်ထက်အရင် ဗမာဘုရင်တွေ လက်ထက်ကတည်းက ဆောက်လုပ်ခဲ့တာပါ။ ရှေးနှစ်ပေါင်းရာကျော်က ရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေပါ။ “သာသနာရောင်ဝါ ထွန်းပြောင်စေဖို့”ဆိုတဲ့ ပြည်မြန်မာက ထုတ်တဲ့ စာအုပ်ထဲမှာ ဗမာဘုရင်တွေ လက်ထက်က အစ္စလာမ် မြန်မာပြည်သို့ ရောက်ရှိလာပုံ ဆိုတာကို အတိအကျ ရေးထားတယ်။ အဲဒီရာဇ၀င် စာအုပ်ထဲမှာ အစ္စလာမ် ဘာသာဝင်တွေက မြန်မာပြည်ကို စောပြီးရောက်တယ်လို့ ပေးထားတာကို တွေ့ရတယ်။ မင်းတုန်းမင်းကြီးက ရတနာပုံ နေပြည်တော်ကို မြို့တည်တဲ့ နေရာမှာ အစ္စလာမ် ဘာသာဝင်တွေ အတွက် ဗလီဆောက်ဖို့ ၀င်းကြီးတွေ ချပေးပြီးတော့ ဗလီ အသီးသီး ဆောက်လုပ်ခွင့် ပေးခဲ့တယ်။ ဘုရင်ကြီးက မန္တလေး နန်းတည်ခဲ့ရုံသာမက နန်းတော်အတွင်းမှာပါ ရွှေပန္နဗလီကို သူကိုယ်တိုင် ပန္နတ်ချပြီး သူရဲ့ အစ္စလာမ် ဘာသာဝင် စစ်သည်စစ်သားတွေ ငါးကြိမ် လွယ်ကူစွာ ၀တ်ပြုနိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တယ်။ ဒါတင်မကဘူး သူရဲ့ တိုင်းသူပြည်သား အစ္စလာမ်ဘာသာဝင်တွေ တစ်နှစ်တစ်ခါ မက္ကာရွှေမြို့တော်ကို ဘုရားဖူး သွားတဲ့ အခါ အဲဒီမှာ မြန်မာ မွတိစလင်တွေ တည်းခိုနေထိုင်ဖို့ အတွက် သူ့ရဲ့ လူယုံတော်တွေကို လွှတ်ပြီး ဒေါင်းဇရပ်ကြီးကို ဆောက်လုပ်ပေးခဲ့ပါတယ်။”

“မြန်မာဘုရင်တွေ လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင်တွေ ဆွလာဟ်ဝတ်ပြုဖို့ ဆောက်လုပ်ခဲ့တဲ့ ဗလီ ၀တ်ကျောင်းတော်တွေ ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် လက်ထက်မှာလည်း ဒီဗလီဝတ်ကျောင်းတော်တွေ တည်ရှိတယ်။ အချိန်မှန် ၀တ်ပြုနေတယ်။ ဒီဗလီတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်တဲ့အတွက် ဆက်လက် ထိန်းသိမ်းရမယ်။ ဦးနု အစိုးရ လက်ထက်တုန်းက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ်ကြေညာတဲ့ အခါမှာ တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် လူနည်းစုများ အဖွဲ့ဖွဲ့ပြီး ကျွန်တော်တို့ ကန်ကွက်ခဲ့ပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ဆိုတာ ရှိတဲ့အတွက် ဟိုးအရင်ကတည်းက ဘာသာဝင်တိုင်းရဲ့ အမွေအနှစ် အဆောက်အဦးတွေကို အစိုးရက ထိန်းသိမ်းခဲ့တယ် ဆိုတာ ရှိတယ်။ အခုလည်း နှစ်ပေါင်းရာကျော်သွားပြီ ဖြစ်တဲ့ ဒီအမွေအနှစ်တွေကို သူတို့ ဖျက်ချင်တိုင်း ဖျက်လို့မရပါဘူး။ ကျွန်တော်တို့က ဒီအမွေအနှစ်တွေကို ခံစားပိုင်ခွင့် ၊ ရပိုင်ခွင့် ရှိတယ်။ ဆောက်လုပ်ခွင့် ပေးစရာ မလိုအောင် ဒီဗလီတွေဟာ ဘုရင်တွေ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက ဆောက်ခဲ့တာပါ ”

‘ကမ္ဘာကပေးတဲ့ ဘာသာရေး လွတ်လပ်ခွင့် အခွင့်အရေးတွေ ရှိတယ်။ လူ့အခွင့်အရေး ရှိတယ်။ ဒါတွေကို ချိုးဖောက်ရင် ကမ္ဘာကို ဆန့်ကျင်တဲ့ သဘောရောက်တယ်။ ကမ္ဘာဥပဒေကို လိုက်နာရင် ဗလီတွေကို လိုက်ဖျက်စရာ မလိုဘူး။ ဗလီတွေကို ဖျက်ပေးရမယ်လို့ ပြောလာရင်လည်း ဘာသာရေး အမွေအနှစ် ဖြစ်တဲ့အတွက် ဒါကြောင့် မဖျက်ပါနဲ့လို့ ဆိုပြီး အဖွဲ့ကြီးငါးဖွဲ့ကနေပြီး သူတို့ကို နို့တစ်စာပေးပြီး တရားရုံးမှာ ရင်ဆိုင်ရင် ကောင်းမယ်။ ပြန်ပြီး တရားစွဲရမယ်။ တရားမစွဲရင် တာဝန်ကျေမှာ မဟုတ်ဘူး။ ရမည်းသင်းမြို့က ဗလီကြီးဆိုရင် ဗမက ရပ်ကွက်ဆိုပြီး ရှိတဲ့ သမိုင်းဝင် မြို့မှာ ရှိတဲ့ ဗလီ ဖြစ်တယ်။ ဗမက ဆိုတာ ဆရာကြီးဦးရာဇတ်တို့ ဖွဲ့ခဲ့တဲ့ ဗမာမွတ်စလင်ကွန်ဂရက် ဖြစ်တယ်။ ဗမာ မွတ်စလင် လှုပ်ရှားမူရဲ့ သမိုင်းဝင် အဖွဲ့အစည်း ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံတော် ဘာသာလုပ်မယ်လို့ အကြံပြုချက်ကို ဗိုလ်ချုပ်က “ဟာ ကျွန်တော်တို့ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် တိုက်တဲ့ အချိန်မှာ မွတ်စလင်တွေလည်း ပါတယ်။ ဗုဒ္ဓဘာသာတွေ ပါတယ်။ ခရစ်ယာန်တွေ ပါတယ်။ ဟိန္ဒူတွေလည်း ပါတယ်။ အခုကျမှ ကျွန်တော်တို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တစ်ခုတည်းကို နိုင်ငံတော်ဘာသာ လုပ်ရမယ်ဆိုရင် မတရားတဲ့အတွက် လုံးဝ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က ဆိုရှယ်လစ် နဲ့ သွားမယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက ပယ်ချပြီးတော့ တိုင်းပြည်မှာ ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစား မပြုရ ဆိုပြီးတော့ စည်းမျဉ်းလုပ်ခဲ့တယ်။ ပြီးတော့ ၁၉၄၇-ခုနှစ် လူ့အခွင့်အရေးမှာ အတိအကျ ပေးခဲ့တယ်။ နိုင်ငံသားတွေကို အခွင့်အရေး ပေးခဲ့တယ်။”

“အခု ကျွန်တော်တို့ အစ္စလာမ်သာသာဝင်တွေဟာ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဗိုလ်သင်တန်း ဆိုရင်လည်း မြန်မာမွတ်စလင်တွေ တက်ခွင့်မရဘူး။ တဖတ်သတ် အနိုင်ကျင့်ပြီး လုပ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈-မှာ နိုင်ငံတော်မှာ ဘာသာကြီးလေးရပ် ရှိတယ်လို့ အသိအမှတ်ပြုထားတယ်။ အဲဒါကို ပယ်ဖျက်ပစ်လို့ မရဘူး။ ကမ္ဘာအပြည်ပြည် ဆိုင်ရာ ဥပဒေကို ဆန့်ကျင်ရာရောက်ရင် ကမ္ဘာမှာ မျက်နှာမလှ ဖြစ်မယ်”ဟု M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

 မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော် နှင့် ဘာသာရေးစာသင်ကျောင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး ဥပဒေရှုထောင့်အမြင်ဖြင့် သိရှိနိုင်စေရန် ရည်ရွယ်၍ အသက် (၉၂)အရွယ် ရှိပြီ ဖြစ်သော တရားရုံးချုပ် လွှတ်တော်ရှေ့နေကြီး ဦးသန်းတင်အား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။ “ဒီဗလီဝတ်ကျောင်းတော်တွေဟာဟိုးအင်္ဂလိပ်ခေတ်လက်ထက်အရင်ဗမာဘုရင်တွေ လက်ထက်ကတည်း
ကဆောက်လုပ်ခဲ့တာပါ။ရှေးနှစ်ပေါင်းရာကျော်ကရှိခဲ့တဲ့ကျွန်တော်တို့ရဲ့အမွေအနှစ်တွေပါ။သာသနာရောင်
ဝါထွန်းပြောင်စေဖို့”ဆိုတဲ့ပြည်မြန်မာကထုတ်တဲ့စာအုပ်ထဲမှာဗမာဘုရင်တွေလက်ထက်က အစ္စလာမ် မြန်
မာပြည်သို့ ရောက်ရှိလာပုံ ဆိုတာကို အတိအကျ ရေးထားတယ်။ အဲဒီရာဇ၀င် စာအုပ်ထဲမှာ အစ္စလာမ် ဘာသာဝင်တွေက မြန်မာပြည်ကို စောပြီးရောက်တယ်လို့ ပေးထားတာကို တွေ့ရတယ်။
 
မင်းတုန်းမင်းကြီးက ရတနာပုံ နေပြည်တော်ကို မြို့တည်တဲ့ နေရာမှာ အစ္စလာမ် ဘာသာဝင်တွေ အတွက် ဗလီဆောက်ဖို့ ၀င်းကြီးတွေ ချပေးပြီးတော့ ဗလီ အသီးသီး ဆောက်လုပ်ခွင့် ပေးခဲ့တယ်။ ဘုရင်ကြီးက မန္တလေးနန်းတည်ခဲ့ရုံသာမကနန်းတော်အတွင်းမှာပါရွှေပန္နဗလီကို သူကိုယ်တိုင် ပန္နတ်ချပြီး သူရဲ့ အစ္စလာမ် ဘာသာဝင် စစ်သည်စစ်သားတွေ ငါးကြိမ် လွယ်ကူစွာ ၀တ်ပြုနိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တယ်။ 
 
ဒါတင်မကဘူး သူရဲ့ တိုင်းသူပြည်သား အစ္စလာမ်ဘာသာဝင်တွေ တစ်နှစ်တစ်ခါ မက္ကာရွှေမြို့တော်ကို ဘုရားဖူး သွားတဲ့ အခါ အဲဒီမှာ မြန်မာ မွတိစလင်တွေ တည်းခိုနေထိုင်ဖို့ အတွက် သူ့ရဲ့ လူယုံတော်တွေကို လွှတ်ပြီး ဒေါင်းဇရပ်ကြီးကို ဆောက်လုပ်ပေးခဲ့ပါတယ်။”

“မြန်မာဘုရင်တွေ လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင်တွေ ဆွလာဟ်ဝတ်ပြုဖို့ ဆောက်လုပ်ခဲ့တဲ့ ဗလီ ၀တ်ကျောင်းတော်တွေ ဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ် လက်ထက်မှာလည်း ဒီဗလီဝတ်ကျောင်းတော်တွေ တည်ရှိတယ်။ အချိန်မှန် ၀တ်ပြုနေတယ်။ ဒီဗလီတွေဟာ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်တဲ့အတွက် ဆက်လက် ထိန်းသိမ်းရမယ်။ 
 
ဦးနု အစိုးရ လက်ထက်တုန်းက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ်ကြေညာတဲ့ အခါမှာ တိုင်းရင်းသား အစ္စလာမ် ဘာသာဝင် လူနည်းစုများ အဖွဲ့ဖွဲ့ပြီး ကျွန်တော်တို့ ကန်ကွက်ခဲ့ပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ဆိုတာ ရှိတဲ့အတွက် ဟိုးအရင်ကတည်းက ဘာသာဝင်တိုင်းရဲ့ အမွေအနှစ် အဆောက်အဦးတွေကို အစိုးရက ထိန်းသိမ်းခဲ့တယ် ဆိုတာ ရှိတယ်။ အခုလည်း နှစ်ပေါင်းရာကျော်သွားပြီ ဖြစ်တဲ့ ဒီအမွေအနှစ်တွေကို သူတို့ ဖျက်ချင်တိုင်း ဖျက်လို့မရပါဘူး။ ကျွန်တော်တို့က ဒီအမွေအနှစ်တွေကို ခံစားပိုင်ခွင့် ၊ ရပိုင်ခွင့် ရှိတယ်။ ဆောက်လုပ်ခွင့် ပေးစရာ မလိုအောင် ဒီဗလီတွေဟာ ဘုရင်တွေ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက ဆောက်ခဲ့တာပါ ”

‘ကမ္ဘာကပေးတဲ့ ဘာသာရေး လွတ်လပ်ခွင့် အခွင့်အရေးတွေ ရှိတယ်။ လူ့အခွင့်အရေး ရှိတယ်။ ဒါတွေကို ချိုးဖောက်ရင် ကမ္ဘာကို ဆန့်ကျင်တဲ့ သဘောရောက်တယ်။ ကမ္ဘာဥပဒေကို လိုက်နာရင် ဗလီတွေကို လိုက်ဖျက်စရာ မလိုဘူး။ 
 
ဗလီတွေကို ဖျက်ပေးရမယ်လို့ ပြောလာရင်လည်း ဘာသာရေး အမွေအနှစ် ဖြစ်တဲ့အတွက် ဒါကြောင့် မဖျက်ပါနဲ့လို့ဆိုပြီးအဖွဲ့ကြီးငါးဖွဲ့ကနေပြီးသူတို့ကိုနို့တစ်စာပေးပြီးတရားရုံးမှာ ရင်ဆိုင်ရင် ကောင်းမယ်။ ပြန်
ပြီးတရားစွဲရမယ်။တရားမစွဲရင်တာဝန်ကျေမှာမဟုတ်ဘူး။ရမည်းသင်းမြို့ကဗလီကြီးဆိုရင်ဗမကရပ်ကွက်ဆို
ပြီး ရှိတဲ့ သမိုင်းဝင် မြို့မှာ ရှိတဲ့ ဗလီ ဖြစ်တယ်။ 
 
ဗမက ဆိုတာ ဆရာကြီးဦးရာဇတ်တို့ ဖွဲ့ခဲ့တဲ့ ဗမာမွတ်စလင်ကွန်ဂရက် ဖြစ်တယ်။ ဗမာ မွတ်စလင် လှုပ်ရှားမူရဲ့ သမိုင်းဝင် အဖွဲ့အစည်း ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံတော် ဘာသာလုပ်မယ်လို့ အကြံပြုချက်ကို ဗိုလ်ချုပ်က “ဟာ ကျွန်တော်တို့ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် တိုက်တဲ့ အချိန်မှာ မွတ်စလင်တွေလည်း ပါတယ်။ ဗုဒ္ဓဘာသာတွေ ပါတယ်။ ခရစ်ယာန်တွေ ပါတယ်။ ဟိန္ဒူတွေလည်း ပါတယ်။ အခုကျမှ ကျွန်တော်တို့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တစ်ခုတည်းကို နိုင်ငံတော်ဘာသာ လုပ်ရမယ်ဆိုရင် မတရားတဲ့အတွက် လုံးဝ လက်မခံနိုင်ပါဘူး။ 
 
ကျွန်တော်တို့က ဆိုရှယ်လစ် နဲ့ သွားမယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းက ပယ်ချပြီးတော့ တိုင်းပြည်မှာ ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစား မပြုရ ဆိုပြီးတော့ စည်းမျဉ်းလုပ်ခဲ့တယ်။ ပြီးတော့ ၁၉၄၇-ခုနှစ် လူ့အခွင့်အရေးမှာ အတိအကျ ပေးခဲ့တယ်။ နိုင်ငံသားတွေကို အခွင့်အရေး ပေးခဲ့တယ်။”

“အခုကျွန်တော်တို့အစ္စလာမ်သာသာဝင်တွေဟာ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဗိုလ်သင်တန်း ဆိုရင်လည်း မြန်မာမွတ်စလင်တွေ တက်ခွင့်မရဘူး။ တဖတ်သတ် အနိုင်ကျင့်ပြီး လုပ်နေတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈-မှာ နိုင်ငံတော်မှာ ဘာသာကြီးလေးရပ် ရှိတယ်လို့ အသိအမှတ်ပြုထားတယ်။ 
 
အဲဒါကို ပယ်ဖျက်ပစ်လို့ မရဘူး။ ကမ္ဘာအပြည်ပြည် ဆိုင်ရာ ဥပဒေကို ဆန့်ကျင်ရာရောက်ရင် ကမ္ဘာမှာ မျက်နှာမလှ ဖြစ်မယ်”ဟု M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
 
M-Media, ဆူးထက်,Rangonnewsdaily
RND:6.4.2013

 

No comments:

Post a Comment