Pages

Pages - Menu

Thursday, April 25, 2013

ပိုမိုရှုပ်ထွေးလာတဲ့ Boston ဗုံးပေါက်ကွဲမှု သတင်း

ပိုမိုရှုပ်ထွေးလာတဲ့ Boston ဗုံးပေါက်ကွဲမှု သတင်းအကျဉ်း
----------------------------------------------------------
၂၅၊ ဧပြီ
Moon & Star 24-7 News Channel

ဘော်စတွန်ဗုံးပေါက်ကွဲမှု သံသယရှိသူ နှစ်ဦး၏ မိခင်ဖြစ်သူက လွန်ခဲတဲ့ ၁၀ နှစ်က အမေရိကန်ကိုပြောင်းရွှေ့ မိသည့်အတွက် နောင်တရမိကြောင်းပြောကြားခဲ့သည်။
Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ Zubeidat Tsarnaev က အမေရိကန်သည် သူမ၏ကလေးနှစ်ဦးအား သူမထံမှ ယူဆောင်သွားကြောင်းပြောကြားခဲ့သည်။
ထို့ အပြင် သူမ၏ကလေးနှစ်ဦးမှာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို ထပ်လောင်းပြောကြားခဲ့သည်။
သူမက"ကျွန်မ အမေရိကန်မှာနေဖို့ ဆန္ဒမရှိပဲ ဘာလို့ သွားဖြစ်လည်း မသိတော့ပါဘူး၊ အမေရိကန်က ကျွန်မတို့ ကို အကာကွယ်ပေးမယ်လို့ ထင်ခဲ့တာ၊ ကျွန်မကလေးတွေက ဘယ်နည်းနဲ့ မှ ပါဝင်မပတ်သတ်ဘူးဆိုတာ သေချာပါတယ်"ဟု Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ သူမ၏ ၂၆ နှစ်အရွယ်ရှိ သားကြီး Tamerlan Tsarnaev သည် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့ ၏ပစ်ခတ် သတ်ဖြတ်ချင်းကို ခံခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ သားငယ် Dzhokhar Tsarnaev သည် ဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည်။ 
သံသယရှိသူ နှစ်ဦး၏ ဖခင်ဖြစ်သူ Anzor Tsarnaev က ကြာသာပတေး သို့ မဟုတ် သောကြာတစ်ရက်ရက်တွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်ပြီး မိမိတို့ မိသားစု အနေဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းအား ရုရှားသို့ ပြန်လည်သယ်ယူလိုကြောင်းပြောကြားခဲ့ သည်။
Ref: BBC
(((Moon & Star 24-7 News Channel)))

၂၅၊ ဧပြီ
ဘော်စတွန်ဗုံးပေါက်ကွဲမှု သံသယရှိသူ နှစ်ဦး၏ မိခင်ဖြစ်သူက လွန်ခဲတဲ့ ၁၀ နှစ်က အမေရိကန်ကိုပြောင်းရွှေ့ မိသည့်အတွက် နောင်တရမိကြောင်းပြောကြားခဲ့သည် Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ Zubeidat Tsarnaev က အမေရိကန်သည် သူမ၏ကလေးနှစ်ဦးအား သူမထံမှ ယူဆောင်သွားကြောင်းပြောကြားခဲ့သည်။ ထို့ အပြင် သူမ၏ကလေးနှစ်ဦးမှာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု မရှိကြောင်းကို ထပ်လောင်းပြောကြားခဲ့သည်။

သူမက"ကျွန်မ အမေရိကန်မှာနေဖို့ ဆန္ဒမရှိပဲ ဘာလို့ သွားဖြစ်လည်း မသိတော့ပါဘူး၊ အမေရိကန်က ကျွန်မတို့ ကို အကာကွယ်ပေးမယ်လို့ ထင်ခဲ့တာ၊ ကျွန်မကလေးတွေက ဘယ်နည်းနဲ့ မှ ပါဝင်မပတ်သတ်ဘူးဆိုတာ သေချာပါတယ်"ဟု Dagestan တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ 
 
သူမ၏ ၂၆ နှစ်အရွယ်ရှိ သားကြီး Tamerlan Tsarnaev သည် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့ ၏ပစ်ခတ် သတ်ဖြတ်ချင်းကို ခံခဲ့ရသည်။ အသက် ၁၉ နှစ်အရွယ်ရှိ သားငယ် Dzhokhar Tsarnaev သည် ဗုံးခွဲတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည်။

သံသယရှိသူ နှစ်ဦး၏ ဖခင်ဖြစ်သူ Anzor Tsarnaev က ကြာသာပတေး သို့ မဟုတ် သောကြာတစ်ရက်ရက်တွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်ပြီး မိမိတို့ မိသားစု အနေဖြင့် သေဆုံးသွားသူ၏ ရုပ်အလောင်းအား ရုရှားသို့ ပြန်လည်သယ်ယူလိုကြောင်းပြောကြားခဲ့ သည်။

Ref: BBC , Rangonnewsdaily
RND:  :25.4.2013

No comments:

Post a Comment